Zawgyi
မျက်ဝန်းတစ်စုံ
လီကျောင်း၏ပရိသတ်များသည် သူတို့၏ကလေးငယ်အား ကြည့်ရှုရန်အတွက်သာ Green Pepper Video ကို ဖွင့်ခဲ့ခြင်းဖြစ်၏။ Green Pepper Video ၏ကင်မရာကလည်း ထိုအကြောင်းကို နားလည်သဘောပေါက်သဖြင့် ကျောင်းကျောင်းဘက်သို့ မကြာခဏ ဗီဒီယို ရိုက်ပေးခဲ့သည်။ ရိုက်ချက်တိုင်းတွင် သူတို့၏ကျောင်းကျောင်းသည် စင်မြင့်ကိုသာ အာရုံစိုက်နေပြီး အလွန်ပျော်ရွှင်နေပုံရသည်။
"ဘေဘီလေးက သူ့ကိုယ်သူ ဧည့်သည်သရုပ်ဆောင်တစ်ယောက် ဆိုတာကို မေ့သွားပြီလို့ ငါသံသယဖြစ်မိတယ်။"
"ဘေဘီလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နေတယ်။"
"ဟားဟား၊ ဘေဘီလေး နိုးလာပြီ။ မင်းရဲ့ အစီအစဉ် လာတော့မယ်။"
လီကျောင်း၏ အစီအစဉ်စတင်ခါနီးတွင် ဝန်ထမ်းက လီကျောင်းကို စင်နောက်သို့ ဦးဆောင်ခေါ်သွားကာ မိတ်ကပ်ပညာရှင်က သူ၏မိတ်ကပ်ကို မွမ်းမံပေးခဲ့သည်။
"ဆရာလီ၊ အကုန်လုံးက အစမ်းလေ့ကျင့်မှု အတိုင်းပါပဲ။ လာလေ။" ဝန်ထမ်းက လီကျောင်းကို ဓာတ်လှေကားဆီ ခေါ်သွားပြီး လက်ဝါးချင်းရိုက်၍ အားပေးလိုက်၏။
"ကျေးဇူးတင်ပါတယ်။" လီကျောင်းက ခါးညွှတ်ကာ ဝန်ထမ်းအား တောက်ပသည့်အပြုံးတစ်ခု ပေးလိုက်သည်။
ထိုအပြုံးကြောင့် ဝန်ထမ်းလေးမှာ မိန်းမောတွေဝေသွားသည်။ လီကျောင်း စင်ပေါ်တက်သွားသည်နှင့် သူမက ရင်ဘတ်ကို ဖိကာ လုပ်ဖော်ကိုင်ဖက်များကို ပြောလိုက်၏။ "ငါက အသက်သုံးဆယ်နားနီးတဲ့ အစ်မကြီးတစ်ယောက် ဖြစ်ပေမဲ့ ငါတောင် သူ့အပြုံးမှာ မိန်းမောသွားမိတယ်။"
"စိတ်အေးအေးထားပါ။ နင်က အစ်မကြီးတစ်ယောက် မဟုတ်ဘူး။ ထူးဆန်းတဲ့ အဒေါ်ကြီးတစ်ယောက် ဖြစ်နေပြီ။" သူမ၏လုပ်ဖော်ကိုင်ဖက်များက သူမကို တစ်စစီဖြစ်အောင် ရက်ရက်စက်စက် ဆုတ်ဖြဲပစ်လိုက်ကြသည်။
လီကျောင်းသည် စင်မြင့်ပေါ်တွင် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည့် အမျိုးသမီးဥက္ကဋ္ဌ၏ ဇာတ်ဝင်တေးတစ်ပုဒ်ကို သီဆိုခဲ့သည်။ ထိုသီခိင်းက ခက်ခဲမှုမရှိသည့်အပြင် လီကျောင်း၏ သီဆိုသံက တည်ငြိမ်သောကြောင့် ပွဲခန်းမတစ်ခုလုံး အားပေးသံများ လွှမ်းခြုံသွားခဲ့၏။ အစီအစဉ်တင်ဆက်သူက စင်ပေါ်တက်သွားပြီး "ကျောင်းကျောင်းရေ၊ ပရိသတ်တွေက အရမ်းကို စိတ်အားထက်သန်နေကြတယ်။ မင်း ငါတို့ကို နောက်ထပ်ဖျော်ဖြေမှုတစ်ခု ပေးနိုင်မလား။"
YOU ARE READING
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
RomanceZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...