Chapter (60) Z+U အမှိုက်ကောက်ခြင်း / အမှိုက်ကောက်ခြင်း

4.2K 730 25
                                    

Zawgyi

အမှိုက်ကောက်ခြင်း

လီကျောင်းက ခေါင်းကို လှည့်လိုက်သောအခါ ရန်ထင်း၏ စူးစမ်းလိုစိတ်ပြင်းပြနေသောမျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။

"သူမ ဆေးရုံတက်တုန်းက ငါစောင့်ရှောက်ပေးခဲ့ဖူးတဲ့ အစ်မကြီးတစ်ယောက်ပါ။ ဟိုတစ်နေ့ကပဲ သူမက မင်းရဲ့ကုမ္ပဏီကို ပြောင်းရွှေ့ခွင့်ရပြီး အခုမင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေပြီ။"

အစ်မကြီးလား၊ အသက်ဘယ်လောက်ကြီးတာလဲ။ လုပ်ဖော်ကိုင်ဖက်လား။ ကျောင်းကျောင်းက အစားအသောက် လာပို့ပေးတာ သူ့အတွက်လား ဒါမှမဟုတ် သူ့အစ်မကြီးဆီလာတွေ့ရင်းနဲ့ သူ့အတွက် အစားအသောက်တွေ ယူလာပေးတာလား။

"သူမနဲ့ သူ့ယောက်ျားက ပေကျင်းမှာပဲ အခြေချနေတာ။ ပရိုဂရမ် နောက်တစ်ပိုင်း ရိုက်ကူးပြီးတာနဲ့ သူတို့ကို ညစာစားဖို့ ဖိတ်လိုက်မယ်။ မင်း ငါနဲ့တူတူ လိုက်ချင်လား။" လီကျောင်းက သူ့သူငယ်ချင်းများအကြောင်း ပြောပြနေစဉ် ရန်ထင်း၏အမူအရာ ပြောင်းလဲနေသည်ကို သတိမမူမိပေ။ "ငါ မင်းကို သူတို့နဲ့ မိတ်ဆက်ပေးချင်တယ်။"

"ငါတို့က နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့တာဆိုတော့ မင်းနဲ့ မိတ်ဆက်ပေးရမယ့် အချိန်ရောက်ပြီ။"

လကို ဖုံးကွယ်ထားသည့် တိမ်များကင်းစင်သွားကာ နှင်းကျပြီးနောက် နေထွက်လာသကဲ့သို့ပင်။ အရာအားလုံးမှာ နွေဦးဆီသို့ ပြန်ရောက်သွားခဲ့သည်။

"မင်းက ပေကျင်းနဲ့ မရင်းနှီးဘူးဆိုတော့ စီစဉ်စရာရှိတာတွေအကုန်လုံး ငါစီစဉ်ပေးမယ်။" 'မင်းနဲ့ မိတ်ဆက်ပေးမယ်' ဟူသောစကားကို ကြားလိုက်သောအခါ ရန်ထင်း၏မျက်လုံးများ တောက်ပသွားခဲ့သည်။

"သူတို့က ဘာစားရတာကြိုက်လဲ။ ငါ ထိပ်တန်းစားဖိုမှူးတစ်ယောက်ကို ဘိုကင်လုပ်ထားလို့ရတယ်..."

"ရပ်တော့၊ ရပ်တော့။" လီကျောင်းက လက်ယမ်းပြလိုက်သည်။ "ဘာလို့ ထိပ်တန်းစားဖိုမှူးကို ဘိုကင်လုပ်ရမှာလဲ။ ငါတို့ ဟော့ပေါ့စားလို့ရတယ်။ ငါတို့ဆုံဖူးတဲ့ ဟော့ပေါ့ဆိုင်က အရမ်းကောင်းတယ်၊ လတ်ဆတ်ပြီး ဈေးနှုန်းလည်းသင့်တယ်။" လီကျောင်းက သူ့လက်များကို ကန့်လန်ဖြတ်ပုံစံ လုပ်ပြလိုက်၏။ "ဒါပဲ။ ဟုတ်ပြီလား။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now