Zawgyi
မဟုတ်ဘူး
ကားသည် ဗီလာတံခါးကို ဖြတ်သန်းကာ တိတ်တဆိတ် ဝင်ရောက်လာသည်။ လီကျောင်းက ကားပေါ်မှ ဆင်းလာပြီး သူ့နောက်သို့ နာခံမှုရှိရှိ လိုက်ပါလာသည့် ရန်ထင်းကို လှည့်ကြည့်ရန် ရပ်လိုက်၏။ "မင်းက ဘယ်လိုဖြစ်လို့ ဒီလောက် ဂရုတစိုက်လုပ်နေတာလဲ။ မင်းက ငါ့မိန်းမလား။"
ရန်ထင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တည်ကြည်သောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။ "မင်း ပိုပြီး စိတ်သက်သာရာ ရအောင်လို့ပါ။"
လီကျောင်း "......"
သူက ချော့ဖို့ လိုအပ်လောက်တဲ့အထိ ဒေါသထွက်နေလို့လား။
နှစ်ယောက်သား ပြန်လာကြောင်းကို အိမ်တော်ထိန်းဦးလေးက မြင်လိုက်သည်။ "မစ္စတာလီ၊ ဒီညစားဖို့ ပေါ့ပေါ့ပါးပါး စားစရာလေးတွေ ပြင်ထားပါတယ်။"
" ကျောင်းကျောင်း စားချင်တာကို လုပ်ပေးလိုက်။" ရန်ထင်းက အိမ်တော်ထိန်းစကားကို ဖြတ်ပြောလိုက်သည်။ "ဘာကို ပေါ့ပေါ့ပါးပါး အရသာလဲ။"
အိမ်တော်ထိန်း "......"
သူဌေးပဲ လီကျောင်းက သူ့အစာအိမ်မကောင်းလို့ အိပ်ရာမဝင်ခင် အရသာပြင်းတဲ့ စားစရာတွေ စားလို့မရဘူးလို့ ပြောခဲ့တာလေ။ သူဌေးက ညတွင်းချင်း ဘယ်လိုပြောင်းလဲသွားတာလဲ။ ယောက်ျားတွေရဲ့ ပါးစပ်က လှည့်ဖျားတတ်တဲ့တစ္ဆေလိုပဲ။ သူဌေးဖြစ်သူက သူ့အား အရိပ်အမြွက်ပေးဖို့ မျှော်လင့်ရင်း ထိုလူကို ကြည့်လိုက်သည်။ သို့သော် ရန်ထင်း၏ အာရုံစိုက်မှုအလုံးစုံမှာ လီကျောင်းဖြစ်နေ၏။ အရိပ်အမြွက် မပြောနှင့်...အိမ်တော်ထိန်းကို လှည့်တောင် မကြည့်ချေ။
ထို့ကြောင့် အိမ်တော်ထိန်းသည် မီးဖိုချောင်သို့ သွားကာ စားဖိုမှူးအား မစ္စတာလီ နှစ်သက်သည့် ဟင်းလျာများကို ချက်ပြုတ်ခိုင်းရုံသာ ရှိတော့သည်။ ဤနည်းဖြင့် သူသည် ရန်ထင်းနှင့် လီကျောင်းအတွက် ကိုယ်ပိုင်အချိန် ပေးနိုင်လိမ့်မည်။ သူ၏အိမ်တော်ထိန်းလုပ်လာသည့် အတွေ့အကြုံများက ထိုနေရာတွင် သူ မနေသင့်ဟု ပြောနေခဲ့သည်။
![](https://img.wattpad.com/cover/281680620-288-k372119.jpg)
VOUS LISEZ
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
Roman d'amourZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...