Chapter (77) Z+U ရေငတ်ခြင်း / ရေငတ်ခြင်း

3.7K 712 17
                                    

Zawgyi

ရေငတ်ခြင်း

လီကျောင်း တံခါးဖွင့်ပြီး ဝင်သွားသည့်အချိန်တွင် လူငယ်သရုပ်ဆောင်နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်ကာ တစ်စုံတစ်ခုကို နှိုးဆွနေပုံရသည်။ သူတို့က ရုတ်တရက် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားပြီး နှစ်ဦးစလုံး အမူအရာပျက်နေကြသည်။

"မင်းတို့နှစ်ယောက် …"

"ဆရာလီ၊ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့နော်။" နံရံကိုမှီလျက် ရပ်နေသည့် မင်းသားမှာ လီကျောင်း၏အစ်ကိုအဖြစ် သရုပ်ဆောင်ရသည့် အနုပညာကျောင်းသားတစ်ဦးဖြစ်၏။ သူသည် ရုပ်ရှင်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိသော်လည်း သူ့တွင် ဇာတ်ဝင်ခန်းများစွာရှိသောကြောင့် အဖွဲ့ထဲတွင် အချိန်အကြာကြီး ရှိနေခဲ့သည်။

ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသော မင်းသားမှာ တတိယအဆင့် အင်တာတိန်းမန့်ကုမ္ပဏီမှ ပွဲထုတ်ပေးထားသည့် လူသစ်တစ်ဦးဖြစ်သည်။ သူ၏သရုပ်ဆောင်မှုစွမ်းရည်က လက်ခံနိုင်စရာဖြစ်ပြီး ဇာတ်ကားထဲတွင် ဗီလိန်အဖြစ် သရုပ်ဆောင်ထားသူဖြစ်၏။ သူ့အမူအရာမှာ အနည်းငယ်စိုးရိမ်ကြောင့်ကြနေပြီး လီကျောင်းက သူ့ကို ကြည့်လာသောအခါ သူ့ခေါင်းကို ငုံ့လိုက်ပြီး လီကျောင်း၏အကြည့်များကို ရှောင်ဖယ်နေခဲ့သည်။ 

မူလက လီကျောင်းသည် လူနှစ်ယောက် ရန်ဖြစ်နေသည်ဟု ထင်ခဲ့သော်လည်း ၎င်းတို့၏ အမူအရာအပေါ် အခြေခံ၍ ရိုးရှင်းခြင်းမရှိပေ။

လေထုမှာ အေးခဲလျက်ရှိ၏။ လီကျောင်းသည် ရိုက်ကွင်းအစား ဤနေရာတွင် ရှိနေသည့်အတွက် နောင်တရမိသည်။

"ဆရာလီက ရှာတွေ့သွားပြီဆိုတော့ ငါတို့ မဖုံးကွယ်တော့ပါဘူး။" နံရံနားတွင် ရပ်နေသည့် မင်းသားလေးက အနည်းငယ် ရှက်ရွံ့မှုကြောင့် နီမြန်းနေသည်။ "တကွမ်းနဲ့ကျွန်တော်က ချစ်သူတွေပါ။ ဒါကို ကျွန်တော်တို့အတွက် လျှို့ဝှက်ထားပေးနိုင်မလား။"

လီကျောင်းက အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး ပုံမှန်အတိုင်း ကြည့်လိုက်သည်။ "ဘာကိုဆရာလဲ။ ပုံမှန်အတိုင်းပဲ ငါ့ကို  ကျောင်းကျောင်းလို့ မခေါ်ဘူးလား။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now