Zawgyi
အစားအသောက်ဂရုစိုက်ပေးခြင်း
သူ တွန့်တိုတာ မဟုတ်ပါဘူး။ တခြားဘာမဆို အဆင်ပြေပေမဲ့ ဒါကထင်းထင်းအတွက် အာဟာရဖြစ်စေမဲ့စွပ်ပြုတ်လေ။ သူ တစ်ခြားသူတွေကို မပေးချင်ဘူး။ လီကျောင်း၏စိတ်အားထက်သန်နေသော မျက်လုံးများအောက်တွင် ရန်ထင်းသည် ဆေးနံ့ကို သည်းခံပြီး ဟင်းရည်ပန်းကန်လုံးကို အကုန်အစင် သောက်ပစ်လိုက်သည်။
"ထင်းထင်းက အရမ်းတော်တာပဲ။" လီကျောင်းက သူ့ကို လက်မထောင်ပြပြီး ထမင်းနှင့်ဟင်းများကို ထုတ်ယူလိုက်သည်။ တူနှင့်ဇွန်းကို နေရာတကျ ပြင်ဆင်ပြီးနောက် သူက စိတ်လှုပ်ရှားမှုအပြည့်နှင့် ပြောလိုက်၏။ "ထင်းထင်း၊ မင်းကုမ္ပဏီက အရမ်းလှပြီး ကြမ်းပြင်တွေက တောက်ပနေတာပဲ။ ငါ ဝင်လာတုန်းက အများကြီး မတွေ့ခဲ့ရပေမယ့် ကုမ္ပဏီကြီးက အရမ်းခမ်းနားတယ်။”
"ပြီးတော့ မင်းရဲ့ရုံးခန်းက အရမ်းကြီးပြီး ကျယ်လွန်းတယ်။" ရန်ထင်း၏ရုံးခန်းနေရာကို မြင်လိုက်ရသောအခါ လီကျောင်းသည် ကုမ္ပဏီ၏ ရန်ထင်းအပေါ်ဆက်ဆံပုံက အလွန်ကောင်းမွန်သည်ဟု ယုံကြည်သွားခဲ့သည်။ ရန်ထင်းသည် သူ့လုပ်ဖော်ကိုင်ဖက်များအကြား အထီးကျန်နေမည်ကို စိုးရိမ်စရာမလိုတော့ပေ။
သီးခြားရုံးခန်းတစ်ခုရှိခြင်းသည် ထင်းထင်းကဲ့သို့ စရိုက်သဘာဝရှိသူအတွက် အကောင်းဆုံးဖြစ်၏။
"ငါ မင်းကို လိုက်ပြပေးမယ်။" ရန်ထင်းသည် ပြတင်းပေါက်ဘောင်ပေါ်မှီကာ အပြင်ဘက်ပုံစံကို ဂရုတစိုက်လေ့လာနေသော လီကျောင်းအား ကြည့်နေခဲ့သည်။ "မင်း ကြည့်ချင်တာမှန်သမျှ ကြည့်လို့ရတယ်။"
"အာ…မဟုတ်တာ။ ကုမ္ပဏီမှာ အလုပ်လုပ်တဲ့အခါ တစ်ခြားသူတွေက မင်းကို ဘဝင်မြင့်တယ်လို့ မထင်စေချင်ဘူး။” လီကျောင်းက စဉ်းစားခြင်းမရှိဘဲ ချက်ချင်းငြင်းပယ်လိုက်၏။ “ကုမ္ပဏီကြီးတွေက ဒီလိုမျိုးဖြစ်သင့်တယ်။ ငါက မင်းရဲ့အလုပ်ပတ်ဝန်းကျင်ကို စပ်စုချင်ရုံပါ။"
ရန်ထင်းလက်ထဲကတူများ ရပ်တန့်သွားကာ သူ့လည်ချောင်းထဲရှိအရာများကို မျိုချရန် ခက်ခဲသွားသည်။
VOCÊ ESTÁ LENDO
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
RomanceZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...