Chapter (80-2) Z+U အတိတ်/ အတိတျ

3.5K 674 23
                                    

Zawgyi

အတိတ်

သူသည် ရိုက်ကူးရေးအဖွဲ့ရှိရာအခန်းသို့ ရောက်လာပြီး တောင်းပန်လိုက်သည်။ "ဆရာတို့ ကျွန်တော် နောက်ကျသွားလို့ တောင်းပန်ပါတယ်။"

"ဒဏ်ပေးပါဟေ့..."

လူအချို့က လီကျောင်းကို သုံးခွက်တိုက်ကာ ဒဏ်ခတ်ရန် အသင့်ပြင်ထားသော်လည်း လျို့ဖန်က ပြောလာ၏။ "အဆင်ပြေပါတယ်။ ယုတ္တိမတန်တဲ့ လူချမ်းသာတွေနဲ့တွေ့ရင် တစ်ခါတလေ ရှောင်ဖို့ခက်တယ်။လာထိုင်လေ တစ်ခုခုစားရအောင်။"

လျို့ဖန် ပါးစပ်ဖွင့်လိုက်သောအခါ မည်သူကမှ လီကျောင်းကို လှည့်စားပြီး ချော့မော့ခိုင်းရန် သတ္တိမရှိတော့ဘဲ သူ့အား နှစ်သိမ့်ပေးလာကြသည်။

အခန်းထဲတွင် စားပွဲနှစ်လုံးရှိသည်။ လျို့ဖန်နှင့် လုဟောင်တို့က သူ့ကို ဂရုစိုက်ပေးရန် ရည်ရွယ်ထားခြင်း ရှိ၊ မရှိ မသိရသေးသော်လည်း လီကျောင်း၏နေရာမှာ အဓိက စားပွဲတွင် ရှိနေသည်။

သူတို့နှစ်ဦးစလုံးသည် ယခုအခါ စတော်ဘယ်ရီအင်တာတိန်းမန့်၏ နာမည်ကြီးလူများဖြစ်ကြသည်။ သူတို့က လီကျောင်းကဲ့သို့ လူသစ်တစ်ဦးကို စောင့်ရှောက်မည်ဟု မျှော်လင့်မထားခဲ့ပေ။

"ကျေးဇူးတင်ပါတယ် အစ်မဖန်ဖန်..." လီကျောင်းက လုဟောင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ လုဟောင်က သူ့အတွက် ဖျော်ရည်တစ်ခွက် ထည့်ပေးပြီး အဆိုပြုလိုက်၏။ "တရားဝင်လက်ထပ်တဲ့အရွယ်မရောက်သေးတဲ့ ကလေးတွေက ပျော်ပွဲမှာ မပါဝင်သင့်ဘူး။ ဖျော်ရည်ပဲ သောက်ရမယ်။"

ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသည့် လုဟောင်ကို ကြည့်ကာ လူတိုင်းက ရယ်မောခဲ့ကြသည်။ သို့သော် လုဟောင်၏စကားမှာ လီကျောင်းအတွက် ဘယ်သူကမှ အရက်မထည့်ပေးရဟု ဆိုလိုခြင်းဖြစ်၏။

ဒါရိုက်တာက ဖန်ခွက်ကို မြှောက်လိုက်သည်။ "အရင်အချိန်တွေတုန်းက မင်းတို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ မကြာခင် ရက်အနည်းငယ်အတွင်း ဒီဒရမ်မာကို နိုင်ငံပိုင်ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသတော့မှာပါ။ အဖွဲ့သားတွေရဲ့ နာမည်ကျော်ကြားမှုအတွက် အကုန်လုံးက ပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားပေးကြပါဦး။ လာပါ ... ခွက်ချင်းတိုက်ကြရအောင်။ "

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now