Chapter (28) ခြိမ်းခြောက်မှု

4.4K 633 16
                                    

ခြိမ်းခြောက်မှု

"ငါမင်းကို ဘာလို့ ဖျော်ဖြေပွဲကို ခေါ်လာတာလဲဆိုပြီး မင်းအံ့သြနေလောက်တယ်။" လီကျောင်းသည် ရန်ထင်းအတွက် အသီးအနှံများ ထည့်ပေးနေစဉ် သူ၏ခွက်ထဲသို့ ရေနွေး လောင်းထည့်လိုက်သည်။ "မင်းက အရမ်းတိတ်ဆိတ်လွန်းတယ်။ ငါက မင်းကို ပျော်စရာအများကြီးရှိတဲ့နေရာတစ်ခုကို ခေါ်သွားချင်တာ။ လူတစ်ယောက်က ကမ္ဘာကြီးရဲ့ သာယာဝပြောမှုအကုန်လုံးကို မြင်တွေ့ချင်ရင် သူ့ကို စကားဝိုင်းတစ်ခုဆီ ခေါ်သွားပါလို့ ဆိုရိုးရှိတယ်။ အဲ့ဒါက အဓိပ္ပာယ်ရှိတယ်ထင်တာပဲ။"

"မင်းငါနဲ့နေရတာ ငြီးငွေ့နေပြီလား။" သစ်သီးဖျော်ရည်မှာ လတ်လတ်ဆတ်ဆတ် ညှစ်ထားခြင်းမဟုတ်ဘဲ ဘူးကြီးတစ်ဘူးစာကို ယွမ်အနည်းငယ်ဖြင့် ဝယ်ယူနိုင်၏။ ၎င်းတွင် သိသာထင်ရှားသည့် အသီးရနံ့ ရှိပေသည်။

"ငါဘယ်လိုလုပ် ငြီးငွေ့နိုင်မှာလဲ။ မင်းက ဘယ်လောက် ချစ်ဖို့ကောင်းလဲ ဆိုတာနဲ့ မင်းနဲ့အတူရှိရတာ ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလဲဆိုတာကို မင်းမသိပါဘူး။" ရန်ထင်းက သူ၏ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်မှုလွဲနေသည်ကို မြင်သောအခါ လီကျောင်းက အလျင်အမြန် ရှင်းပြလိုက်သည်။ "ငါကသာ မင်းကို အိမ်အပြင် ခေါ်ထုတ်လာတဲ့သူပါ။
ရုပ်ချောတဲ့လူကို ပြန်ပေးဆွဲလာတဲ့ လူဆိုးကြီးက ငါဖြစ်နေမှာပဲ စိုးမိတယ်။"

"မင်းကငါ့ထက်ငယ်ပါတယ်။"

"ဒါကတကယ် အရေးမကြီးပါဘူး။" လီကျောင်းက သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး သစ်သီးဖျော်ရည်တစ်ဝက်ကို တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။ "အဓိပ္ပာယ်က အတူတူပါပဲ။ အဲဒီတုန်းက ငါမင်းကိုကူညီခဲ့လို့ ဖြစ်မယ်။ မင်းက နာခံမှုအပြည့်နဲ့ ငါ့နောက်လိုက်လာကတည်းက ဘာကြောင့်မှန်းမသိ ငါ့မှာ မင်းအတွက် တာဝန်ယူရမယ်ဆိုတဲ့ခံစားချက် ရလာခဲ့တယ်။"

တာဝန်ယူမှုလား။

ထူးဆန်းလိုက်တာ။ သူတို့နှစ်ယောက်က ဆွေမျိုးတွေမှ မဟုတ်တာ။ အခြားလူက တာဝန်ယူရမယ်ဆိုပြီး ဘာလို့ ယူဆထားတာလဲ။

"ဒါကကံတရားပဲ။ မင်းမှာလည်း မိဘမရှိဘူး၊ ငါ့မှာလည်း မိဘမရှိဘူး။ ဘုရားသခင်က ငါတို့ကို သူငယ်ချင်းဖြစ်အောင် ဆောင်မလိုက်တာ။" လီကျောင်းက သူ၏ခွက်ကို မြှောက်လိုက်သည်။ "လာပါ၊ ငါတို့ရဲ့လှပတဲ့ခင်မင်မှုအတွက် ခွက်ချင်းတိုက်ပြီး ဆုတောင်းကြရအောင်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now