Chapter (7) Z+U ခက်ခဲလွန်းတယ် /ခက်ခဲလွန်းတယ်

6.3K 956 31
                                    

Zawgyi

                ခက်ခဲလွန်းတယ်

သူသည် အလွန်အံသြသွားသော်လည်း ဤအရာသည် သူ၏အအောင်မြင်ဆုံးအချိန် ဖြစ်နိုင်သည်ဟုတွေးမိကာ မည်သို့ဖြစ်သွားသည်ကို သိရှိရန် နာမည်ကြီးအကြောင်းအရာများပေါ်သို့ အမြန်နှိပ်ကြည့်လိုက်သည်။

"ငါ့ဘေဘီလေးက အရမ်းကောင်းတယ်၊ သူကခေါက်ဆွဲ သွားမရောင်းသင့်ဘူး!" 

"ကလေးလေး ၊ မင်းဒီလိုလုပ်ဖို့ အမေ ခွင့်မပြုဘူး"

"ခွေးကောင် ကျန်းရှောင်ယွမ် ၊ ငါ့ကလေးကို ထိန်းချုပ်ချင်နေတယ်။ "

ဆူပူကြိမ်းမောင်းသံများနှင့်ပြည့်နေသော အကြောင်းအရာများကိုကြည့်ရင်း ကျန်းရှောင်ယွမ်သည် စိတ်လှုပ်ရှားစွာ လက်ခုပ်လက်ဝါးတီးလိုက်သည်။ ပရိသတ်များက အေးဂျင့်ကိုဆူပူကြိမ်းမောင်းနေတာက ဒီအေးဂျင့်အောင်မြင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမလား ။ နောက်ဆုံးတော့ သူက ဘဝရဲ့အအောင်မြင်ဆုံးအချိန်ကို ရောက်နေပြီလား။

သူ့ဖုန်းသည် WeChat မက်ဆေ့ခ်ျများ ၊နံပါတ်စိမ်းများမှ ဖုန်းခေါ်ဆိုမှုများနှင့် ပြည့်နေသောကြောင့် အသေးစိတ်ဖြစ်စဉ်မေးမြန်းရန် လီကျောင်းအားဖုန်းခေါ်နိုင်မည့်အချိန် မရှိခဲ့ပါ။သူတို့အားလုံးက သူ့မိသားစုဝင်လေး ကျောင်းကျောင်း၏ အနာဂတ်အလုပ်အစီအစဉ်များအကြောင်းမေးမြန်းနေခဲ့ကြ၏ ။

ကျန်းရှောင်ယွမ်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နာမည်တစ်ခုရအောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်း သူသည် နိမ့်ပါးသူများကို ချနင်းပြီး အမြင့်သို့တက်လှမ်းနိုင်ရန် ကြိုးပမ်းသည့် လူများစွာကို တွေ့ခဲ့ဖူးသည်။သူ့ကိုမတွေ့ချင်သောလူများက ယခုတွင် သူ့ကို ချီးကျူးစကားပြောကာ ကျောင်းကျောင်း၏သတင်းကို မေးမြန်းနေကြသဖြင့် သူ သတိကြီးကြီးထားနေရသည်။

ဇိမ်ခံစားသောက်ဆိုင်အတွင်းတွင် လီကျောင်းသည် အစားအသောက်များဖြင့် ပြည့်နေသောစားပွဲကို မဝံ့မရဲ ကြည့်လိုက်သည် ။ ရန်ထင်းက လီကျောင်းတွင် ပြောစရာတစ်ခုခုရှိနေကြောင်း သတိပြုမိသဖြင့် စားပွဲထိုးကို အပြင်ထွက်ခိုင်းလိုက်သည် ။ 
"ဘာမှားနေလို့လဲ။ ဒီအစားအစာတွေက မင်းအကြိုက် မဟုတ်ဘူးလား "

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now