Chapter (31) ဖက်ထုပ်များရေတွက်ခြင်း

4.5K 647 34
                                    

ဖက်ထုပ်များရေတွက်ခြင်း

လူငယ်လေး၏ ဖြည်းဖြည်းမှန်မှန် အသက်ရှုသံသည် ရုပ်ရှင်စတူဒီယို၏ တိုးလျသည့်ဆူညံသံများနှင့်အတူ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။ ရန်ထင်းသည် သူ၏ဖုန်းကိုယူ၍ နားနေခန်းနှင့် ချိတ်ဆက်ထားသောတံခါးကို တွန်းဖွင့်လိုက်ပြီး သူ၏ကုတ်အကျီကိုချွတ်ကာ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်၏။ အိပ်ရာမှာ အေးစက်နေသော်လည်း ဖုန်းထဲရှိအသက်ရှုသံလေးမှာ နွေးထွေးနေခဲ့သည်။

တိတ်ဆိတ်နေသောအခန်းထဲတွင် သူ၏အသက်ရှုသံနှင့် လီကျောင်း၏အသက်ရှုသံတို့ အတူတကွ ရောယှက်နေခဲ့သည်။ နောက်ဆုံးတွင် သူ၏ဆူညံသောဦးနှောက်သည် တဒင်္ဂမျှ ကြည်လင်အေးချမ်းမှုကို ရရှိခဲ့၏။ အိပ်ချင်စိတ်က တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။သူသည် ဆူဖြိုးသော သိုးငယ်ကလေးများ ခုန်နေသည်ကို မြင်ခဲ့၏။ လီကျောင်းက သိုးများကို စီးကာ သူ၏ရှေ့တွင် ကခုန်နေပြီး သူ့စိတ်ထဲသို့ ခုန်ဝင်လာသည်နှင့် တူပေသည်။

"လီကျောင်း ၊ လီကျောင်း။" စုန့်ယွီသည် လီကျောင်းက ထိုင်ခုံပေါ်တွင်ထိုင်ကာ ကုတ်အကျီခြုံထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ သူက ထိုင်ခုံကို ကန်ရန် သူ၏ခြေထောက်များကို ဆန့်ထုတ်လိုက်သော်လည်း လမ်းတစ်ဝက်၌ ခြေထောက်များကို ပြန်ရုတ်လိုက်ပြီး လီကျောင်း၏နဖူးကို တို့လိုက်သည်။ "လီမျိုးရိုးရေ၊ မင်းရဲ့ဇာတ်ကွက်အလှည့် ရောက်ပြီ။"

အိပ်ချင်မူးတူးဖြစ်နေသောလီကျောင်းသည် ထိုအသံများကို ရန်ထင်းဆီသို့ မရောက်စေချင်သဖြင့် မသိစိတ်၏စေ့ဆော်မှုအရ ဖုန်း၏မိုက်ခရိုဖုန်းကို ကွယ်ထားလိုက်သည်။

"အစ်ကိုစုန့်လား။" လီကျောင်းက မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် လေအေးများကြောင့် ခိုက်ခိုက်တုန်လာသည့်အတွက် မတ်တပ်ရပ်လိုက်သည်။ သူသည် ဖုန်းကိုနားနားသို့ကပ်ကာ ဂရုတစိုက် နားထောင်လိုက်၏။ သူသည် အသက်ရှုသံတိုးတိုးကိုသာ ကြားနေရသည်။ ထင်းထင်း အိပ်ပျော်နေလောက်ပါပြီ။

သူက ဖုန်းကိုချလိုက်ပြီး စုန့်ယွီအား ကျေးဇူးတင်လိုက်သည်။ "ကျွန်တော့်ကို နှိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုစုန့်။ "

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now