Chapter (27) ဆူညံမှု

4.2K 628 11
                                    

ဆူညံမှု

အိမ်အလွတ်မှာ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားသော်လည်း သင်းပျပျရနံ့တစ်ခု စွဲထင် ကျန်ရစ်နေခဲ့သည်။

ရန်ထင်းသည် လီကျောင်းယူလာခဲ့သည့် အဆင်တန်ဆာ တိုတိုထွာထွာလေးများထဲမှ ခေါင်းလှုပ်ယမ်းနိုင်သည့် သစ်သားရုပ်လေးကို ကောက်ယူလိုက်သည်။ အရုပ်မှာ ခေါင်းကြီး ကိုယ်သေး ပုံစံဖြစ်ကာ နှစ်လိုဖွယ်ကောင်းပြီး တောက်ပ၏။ အရုပ်၏ဦးခေါင်းကို ထိလိုက်ပါက လှုပ်သွားပုံမှာ ချစ်စရာကောင်းလှသည်။

"ဆရာ ၊ မင်းဆေးမသောက်ရသေးဘူး။" အိမ်တော်ထိန်းသည် ရန်ထင်းက လီကျောင်းယူလာခဲ့သည့် လက်ဆောင်သေးသေးလေးကို စိတ်ဝင်စားပြီး စာကြည့်ခန်းထဲရှိ ဆေးအကြောင်း မေ့လျော့သွားသည်ကို မြင်သဖြင့် "ဒီကို ယူလာပေးရမလား။" ဟု မေးလိုက်သည်။

“ဟင့်အင်း။” ရန်ထင်းက အရုပ်ကို လက်ညှိုးနှင့်တို့ထိကာ ဗီရိုပေါ်သို့ တင်လိုက်ပြီး သူ့အခန်းရှိရာ အပေါ်ထပ်သို့ ဦးတည်လိုက်၏။

“ဆရာ” ရန်ထင်း ဆေးမသောက်သည်ကို မြင်သောအခါ အိမ်တော်ထိန်းက သူ့နောက်သို့ စိုးရိမ်တကြီး လိုက်သွားခဲ့သည်။ "ဆရာ…"

ရန်ထင်းက ရပ်သွားပြီး အိမ်တော်ထိန်းအား မျက်နှာသေဖြင့် လှည့်ကြည့်လိုက်သည်။ အိမ်တော်ထိန်း၏စကားများနှင့် ရဲစွမ်းသတ္တိအားလုံးသည် ဤအကြည့်အောက်တွင် ပျောက်ကွယ်သွားပြီး သူသည် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်းမှ မလှမ်းဝံ့တော့ပါ။

ရန်ထင်းထွက်သွားပြီး အခန်းတံခါးပိတ်သံ ကြားရမှ အိမ်တော်ထိန်းလည်း အသက်ဝဝရှုရဲတော့သည်။ သူသည် အခြားတန်ဖိုးကြီး အဆင်တန်ဆာများနှင့် တစ်ပြေးညီ ရှိနေသည့် ဗီရိုထက်ရှိ သစ်သားအရုပ်လေးကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူသည် လီကျောင်း ပြန်ယူလာသည့် အခြားပစ္စည်းများကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ညလယ်တွင် ရန်ထင်းသည် အမျိုးသမီးတစ်ဦး၏ အော်ဟစ်ပြောဆိုသံများကြောင့် နိုးလာခဲ့၏။ သူက အိပ်ယာမှထပြီး အပြင်ထွက်ရန် တံခါးဖွင့်လိုက်သည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now