Chapter (83-1) Z+U ပိုက်ဆံမရှာနဲ့ / ပိုကျဆံမရှာနဲ့

3.5K 707 45
                                    

Zawgyi

ပိုက်ဆံမရှာနဲ့

ဖော်ပြထားသော ဆုစာရင်းက အလွန်ဆွဲဆောင်မှုရှိသောကြောင့် လီကျောင်းသည်လည်း ချန်ရှီးနာရီ၏ ကံစမ်းမဲပို့စ်ကို forward မလုပ်ဘဲ မနေနိုင်တော့ပါ။

လီပရိသတ်များ ထိုအကြောင်းကို သိသွားသည်နှင့် သူတို့က ပရိသတ်များ၏အခွင့်အရေးကို လုယူသော လီကျောင်း၏အပြုအမူကို ရှုံ့ချကြပြီး ပိုစ့်ကို ပြန်ဖျက်ရန် တောင်းဆိုခဲ့ကြသည်။

"ဟားဟားဟား၊ anti fan တွေက လီကျောင်းကို အပုပ်ချတဲ့ မားကတ်တင်းအကောင့်တွေကို ရှုံ့ချနေကြတဲ့အချိန်မှာ လီပရိသတ်တွေက လီကျောင်းရဲ့ကံစမ်းမဲပိုစ့်ကို ဖျက်ပြီး ပရိသတ်တွေရဲ့ အခွင့်အရေးကို မခိုးဖို့ တောင်းဆိုနေကြတယ်။"

"ဘယ်လို အရူးအိုင်ဒေါနဲ့ အရူးပရိသတ်တွေလဲ။ အိုင်ဒေါနဲ့ ပရိသတ်တွေက ပုံမှန်မဟုတ်သလို anti fan တွေကလည်း ထူးဆန်းတယ်။"

"ဟားဟားဟား၊ လီကျောင်းက ပို့စ်ကို တကယ်ဖျက်ပြီး မှားယွင်းပြစ်တင်ခံရတဲ့အမူအရာအီမိုဂျီလေး တင်လိုက်တယ်။ ရလဒ်အနေနဲ့ သူ့ကို ပရိသတ်တွေက နှစ်သိမ့်ပေးမယ့်အစား ကောင်းကောင်းလုပ်ခဲ့တယ်လို့ ချီးမွမ်းကြတယ်။ ငါတော့ တစ်ညလုံးနီးပါး စောင်ခြုံပီး ဝက်တစ်ကောင်လို အော်ရယ်မိတော့မယ်။"

လီကျောင်း၏အဖွဲ့မှာလည်း လီကျောင်းက နာရီ၏ကံစမ်းမဲပို့စ်ကို forward လုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒါက ဘယ်လိုအံ့အားသင့်စရာကောင်းတဲ့ လုပ်ဆောင်ချက်မျိုးလဲ။

သို့တိုင်၊ ဤသည်မှာ ကံကောင်းခြင်းတစ်ခုဖြစ်သည်။ ယခုအခါ လီကျောင်းကို အခြားသူများ ထောက်ပံ့ထားသည့် ကစားစရာအရုပ်လေးဟု မည်သူမျှ မထင်ကြတော့ပေ။ သူက ဘရန်းဘက်က ပေးတဲ့ကံစမ်းမဲပို့စ်ကိုတောင် လက်မလွှတ်နိုင်လောက်အောင် ဆင်းရဲတဲ့ သနားစရာကောင်ချောလေးပဲ။

အိမ်တွင် လီကျောင်းက သူ့လက်ကိုင်ဖုန်းကိုကိုင်ကာ ခေါင်းငိုက်စိုက်ကျသည့်အနေအထားဖြင့် သက်ပြင်းချလိုက်သည်။ "သူတို့က ငါ့ကို အနိုင်ရဖို့ အခွင့်အရေးလေးတောင် မပေးဘူး။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ