Chapter (55)အဆက်
ထိုလူဆိုးလေးများနှင့် အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်သည့် ဧည့်သည်မှာ လီကျောင်းမှလွဲ၍ မည်သူမှမရှိနိုင်ပေ။ ထိုအမျိုးသမီး၏ ကြက်များကို ပြန်လည်ရရှိပြီးနောက် ဧည့်သည်များကို ကန်စွန်းဥညစာဖြင့် ဆုချခဲ့သည်။
"ချင်ရှီးရွာမှာ ကန်စွန်းဥတွေ အပြည့်ပါပဲ။" လူတိုင်း အချိန်ကောင်းတစ်ခု ပိုင်ဆိုင်နေပြီး ဧည့်သည်များ၏ အားလျော့နေသည့်အကြည့်များကို မမြင်ချင်ယောင်ဆောင်နေချိန်တွင် အစီအစဉ်တင်ဆက်သူ ပြန်ပေါ်လာခဲ့၏။ "ကန်စွန်းဥတွေအကုန်လုံးက ရတနာတွေဖြစ်ပေမဲ့ ချင်ရှီးရွာမှာ စိုက်ပျိုးသူတွေ အများကြီးရှိတာကြောင့် ရောင်းရခက်ပါတယ်။ ဒါကြောင့် မနက်ဖြန်မှာ ရွာသူရွာသားတွေကို ကန်စွန်းဥ ၅၀၀ ကီလိုဂရမ် ကူရောင်းပေးဖို့ ဧည့်သည်တွေကို တောင်းဆိုပါတယ်။"
"500 ကီလိုဂရမ်…"
ရှန်ကျန်းသည် အလွန်အမင်း ထိတ်လန့်သွားသည်။ ဒီပရိုဂရမ်အဖွဲ့က လူသားမဟုတ်ဘူး!!!။
နောက်တစ်နေ့မနက်တွင် ရှန်ကျန်းနိုးလာသည်နှင့် လီကျောင်းသည် မြေပြင်ပေါ်တွင် လဲလျောင်းကာ ကတ်ထူပြားပေါ်တွင် တစ်စုံတစ်ခု ရေးခြစ်နေသည်ကို တွေ့လိုက်ရသည်။
သူထလိုက်သောအခါ ကတ်ထူပြားပေါ်ရှိ စာသားကို မြင်လိုက်ရ၏။ စိတ်နှလုံးမကောင်းတဲ့ပရိုဂရမ်အဖွဲ့က အနုပညာရှင်တွေကို ကန်စွန်းဥရောင်းဖို့ တွန်းအားပေးနေတယ်။ အကောင်းဆုံးကန်စွန်းဥတွေက ၅၀၀ ဂရမ်ကို 8 ကျောင်ပဲနော်။ မင်း ကျွန်တော်တို့ကို အချစ်တွေပေးနေသရွေ့ ကျွန်တော်တို့အိမ်ပြန်ဖို့ ပိုက်ဆံရှာနိုင်တယ်" (10 ကျောင် = 1 ယွမ်)
ရှန်ကျန်းသည် ကုတင်ပေါ်တွင် တိတ်တိတ်လေး ပြန်ထိုင်နေလိုက်သည်။
လူငယ်လေးက အရမ်းအံ့သြဖို့ကောင်းတာပဲ။
ပေကျင်းတွင် ရန်ထင်းသည် အိမ်တော်ထိန်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဆန်ပြုတ်ပန်းကန်အသေးတစ်လုံးကို သောက်နေခဲ့ရသည်။
ŞİMDİ OKUDUĞUN
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
RomantizmZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...