Chapter (50) အရှက်မဲ့သော

4K 615 29
                                    

အရှက်မဲ့သော

ချင်ရှောင်းသည် အအေးခံပြီးသားရေနွေးခွက်ကို ကိုင်ကာ တံခါးအပြင်ဘက်တွင် ရပ်နေခဲ့သည်။ သို့သော် တံခါးမခေါက်ခဲ့ပေ။ ချန်ရှီး၏အမှုဆောင်အရာရှိများက သူဌေးအား နှုတ်ဆက်ရန် လာရောက်ကြသော်လည်း ချင်ရှောင်းက 'ရှုး…' ဟု လက်ဟန်ခြေဟန် အမူအရာလုပ်ပြနေသည်ကို တွေ့သဖြင့် ရပ်တန့်သွားကြသည်။

သူတို့မှာ ရှေ့သို့တိုးရမည်ကိုပင် ကြောက်လန့်သွားပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ထောင့်တစ်နေရာမှ ချောင်းကြည့်ကာ သူဌေးကြီး ထွက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

နားနေခန်းတံခါးပွင့်လာပြီး မစ္စတာထင်းက လီကျောင်းနှင့် ယှဉ်လျက် လမ်းလျှောက်လာနေကြောင်း တွေ့လိုက်ရသည်။ သူတို့က အဝေးတွင် ရပ်နေသဖြင့် လီကျောင်းက သူဌေးကြီးကို ဘာပြောမှန်း မသိသော်ငြား သူဌေးကြီးက ခေါင်းညိတ်ပြလိုက်ပြီး နှစ်ဦးသား အလွန်ရင်းနှီးပုံရပေ၏။ ရင်းနှီးကျွမ်းဝင်ပုံအရ အပျော်အပြက်သဘောမျိုး မဟုတ်လောက်ပေ။ သူတို့သည် မူလက လီကျောင်းကို သူဌေး၏ကစားစရာလေးဟု ထင်မှတ်ခဲ့သော်လည်း ယခုပြန်ကြည့်မိသောအခါ ထိုသို့ဖြစ်ပုံမရချေ။

"မန်နေဂျာလား။" လီကျောင်းသည် လုပ်ငန်းခွင်အဝတ်အစားများ ဝတ်ဆင်ထားသော ယောက်ျားမိန်းမအနည်းငယ်ကို မြင်လိုက်ရပြီး ထိုအထဲမှတစ်ယောက်ကို သူသိပေ၏။ မနေ့က သူ့အား ချန်ရှီးတစ်ဝိုက် ခေါ်သွားပေးသည့် စီမံခန့်ခွဲရေးဌာနမှ မန်နေဂျာဆိုသူ ဖြစ်သည်။

ချင်ရှောင်းသည် ထိုလူများ၏အရှိန်ကို ရပ်တန့်နိုင်စေရန် ရှေ့သို့ အမြန်လျှောက်လာခဲ့သည်။ “ငါ မင်းတို့နဲ့ ဆွေးနွေးစရာ ရှိတယ်။ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ကြပါ။"

စီမံခန့်ခွဲရေးဝန်ထမ်းများက သူ့အား သင်္ကာမကင်းမဖြစ်ပေ။ ၎င်းက အချို့လူများကို အံ့သြသွားစေခဲ့သည်။ ခုနက သူတို့ သူ့ဘေးမှာ အကြာကြီးရပ်နေခဲ့ကြတာလေ။ ချင်ရှောင်းက ဘာလို့ စောစောတုန်းက အသံမထွက်တာလဲ။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now