Chapter (36) ထင်းထင်းတဲ့လား

4.3K 717 22
                                    

ထင်းထင်းတဲ့လား

"နောက်ဆုံးတစ်ခေါက်က ဒရမ်မာရိုက်ကူးရေးအဖွဲ့မှာ ငါက လီကျောင်းကို အနိုင်ကျင့်ပါတယ်ဆိုပြီး စောင်းပါးရိပ်ခြည်ပြောတဲ့ အဲ့ဒီအရူးလား။" စုန့်ယွီက ချက်ချင်းလက်ငင်း အားအင်အပြည့်ဖြစ်လာပြီး သူ၏မို့ဖောင်းနေသည့်မျက်လုံးများ ပြူးသွားသည်။

လက်ထောက်က လီကျောင်းကို တိတ်တိတ်လေး ခိုးကြည့်လိုက်၏။ တိတိကျကျပြောရရင် နောက်ဆုံးတစ်ခေါက်တုန်းက ဒီလူ ... အမှန်အတိုင်းပြောခဲ့တာလား။

လီကျောင်းက စုန့်ယွီလက်ထောက်၏အကြည့်ကို မြင်ရသောအခါ အလွန်သဘောထားကြီးပေးလိုက်သည်။ “အဆင်ပြေပါတယ်။ မင်းတို့ဆက်ပြီး စကားပြောကြလေ။ ငါမရှိသလို သဘောထားလိုက်ပါ။"

“မစ္စတာလီ၊ ဒီတခါတော့ မင်းမရှိသလို သဘောထားဖို့ တကယ်မဖြစ်နိုင်ဘူး။” လက်ထောက်က ရယ်သွမ်းသွေးလိုက်သည်။ "ဒါက မင်းနဲ့လည်း ဆိုင်တယ်။"

"အဲဒါက ဘာလို့ ကျွန်တော်နဲ့ ဆိုင်တာလဲ။" လီကျောင်းသည် အတင်းအဖျင်းစကားကို တိတ်တဆိတ် နားထောင်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ သူနှင့် ပတ်သတ်နေခဲ့သည်။ "သူက ဘာပြောခဲ့လို့လဲ။"

“မင်းက အစ်ကိုစုန်ရဲ့ငွေကို မလွန်ဆန်နိုင်ခဲ့ဘူးလို့ ပြောတယ်…။” လက်ထောက်က လေသံနှင့် ပြောလိုက်သည်။ သူ၏အမြင်တွင် လီကျောင်းသည် ထူးခြားကောင်းမွန်သည့်လူတစ်ယောက် ဖြစ်၏။ သူက မီဒီယာရှေ့တွင်  အစ်ကိုစုန့်ကို အကောင်းပြောပေးရုံသာမက အစ်ကိုစုန့်အား သူ့အတွက် အရင်းအမြစ်များ မိတ်ဆက်ပေးစေလိုသူလည်း မဟုတ်ပေ။ အစ်ကိုစုန့်အပေါ် အမြဲတမ်း အခွင့်ကောင်းယူချင်နေသည့် အစ်ကိုစုန့်ဘေးနားရှိသူငယ်ချင်းများထက် အများကြီး ပိုကောင်းပေသည်။

လီကျောင်းက လက်ထောက်၏အကြည့်ကို မလုံမလဲစိတ်ဖြင့် ရှောင်ရှားခဲ့သည်။ တကယ်တမ်းတွင် သူသည် ညဘက်အဆာပြေမုန့်ဝယ်ရာ၌ စုန့်ယွီ၏ပိုက်ဆံကိုသုံးချင်သည့် စိတ်ကူး ရှိခဲ့ဖူး၏။ ထို့ကြောင့် သူက ငွေကို စင်စစ်အားဖြင့် မလွန်ဆန်နိုင်ခဲ့ပေ။ အား… ဒီလိုလောဘကြီးမှုမျိုးကို ဘယ်နေရာမှာ ထားရမလဲမသိတော့ဘူး။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now