Chapter (83-2) Z+U ပိုက်ဆံမရှာနဲ့ / ပိုကျဆံမရှာနဲ့

3.5K 668 24
                                    

Zawgyi

ပိုက်ဆံမရှာနဲ့

"အစ်ကိုလော့…" ရိုးရိုးတီရှပ်တစ်ထည်ဝတ်ပြီး ဦးထုပ်ဆောင်းထားသည့် လီကျောင်းက အထဲသို့ ဝင်လာခဲ့သည်။ သူက အာဟာရပြည့်ဝသော အစားအစာများ ထည့်ထားသည့် အိတ်ကြီးကို ကိုင်ဆောင်ကာ ကြော်ငြာအဖွဲ့၏ ဝန်ထမ်းများထံ ဝေပေးလိုက်၏။ "မနေ့ညတုန်းက အကုန်လုံး အချိန်ပိုဆင်းခဲ့ရလို့ ပင်ပန်းသွားပါပြီ။"

" ကျောင်းကျောင်း၊ ငါတို့ တစ်ညလုံး အချိန်ပိုဆင်းရတာကို မင်းတကယ် မှတ်မိတာလား။" ဝန်ထမ်းတစ်ယောက်က ထမင်းဘူးကိုဖွင့်ပြီး ထိုင်ချလိုက်သည်။ "မင်း နှလုံးသားထဲမှာ ကံစမ်းမဲအကြောင်းပဲ ရှိနေတယ်လို့ ငါထင်မိတာ။"

လီကျောင်း ပြုံးလိုက်သည်။ "ဆုတွေက စွဲမက်စရာကောင်းလွန်းလို့ ခဏလောက် စိတ်မထိန်းနိုင် ဖြစ်သွားတာ။"

လော့ရုန်  "......"

လီကျောင်းက ထိုပို့စ်ကို သက်ဝင်လှုပ်ရှားစေရန် ရည်ရွယ်၍ တမင်တကာ forward လုပ်သည်ဟု သူထင်ခဲ့သည်။ လီကျောင်းသည် ချန်ဟွမ်းဆုများကို အမှန်တကယ် လိုချင်နေလိမ့်မည်ဟု သူ မတွေးခဲ့မိပေ။

လူကြိုက်များတဲ့ နာမည်ကြီး သရုပ်ဆောင်အသစ်တစ်ယောက်အနေနဲ့ သူမရှက်ဘူးလား။

လော့ရုန်သည် လီကျောင်းကျွေးသော နံနက်စာကို စားပြီးနောက် ညဆိုင်းဆင်းရသူများအား အားလပ်ရက် ပေးကာ မနေ့ညက အချိန်ပိုမဆင်းရသော လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ထားခဲ့လိုက်သည်။ ထို့နောက် လော့ရုန်က လီကျောင်းအား " ကျောင်းကျောင်း၊ ချန်ရှီးက မနေ့ညက အဖြစ်အပျက်ကြောင့် မင်းကို မကျေနပ်တာမျိုး မရှိသလို နောက်ဆုံးပေါ် နွေရာသီနဲ့ ဆောင်းဦးရာသီရဲ့ နာရီတွေတောင် ပေးလိုက်သေးတယ်။ ငါ မင်းကိုပေးမယ်။ ခဏစောင့်နော်။" ဟု ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုလော့…" လီကျောင်းသည် ဦးထုပ်ကို ချွတ်ကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်၏။ "အခုလတ်တလော ဇာတ်ညွှန်းကောင်းလေးများ ရထားသေးလား။"

"ကုမ္ပဏီဘက်က မင်းကို လုဟောင်နဲ့ ဇာတ်ကားတူတူရိုက်ဖို့ စီစဉ်ချင်တယ်။ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာက ဒီနယ်ပယ်မှာ ထိပ်တန်းအဆင့်ရှိပေမဲ့ လုဟောင်ဇာတ်ရုပ်က မင်းထက်သာလိမ့်မယ်။" လော့ရုန်က လီကျောင်းကို ဇာတ်ညွှန်းတစ်ခု ပေးလိုက်သည်။ "ဒီဇာတ်ကားရိုက်ဖို့ တစ်လကျော်လောက် လိုသေးတာဆိုတော့ ငါမင်းကို လျို့ဖိန်ရဲ့ဇာတ်ကားအသစ်မှာ ဇာတ်ပို့နေရာရအောင် ကူညီပေးခဲ့တယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now