Chapter (26) ညီအစ်ကိုအဝတ်အထည်

4.3K 655 9
                                    

ညီအစ်ကိုအဝတ်အထည်

“ငါအကျယ်ကြီးအော်ငိုခဲ့တယ်။ ငါတို့ဘေဘီလေးက တကယ့်ကို ခက်ခဲခဲ့တာပဲ။"

"ကျောင်းကျောင်းက တုတ်နဲ့ အရိုက်ခံရလို့ မြေပြင်ပေါ်လဲကျပြီး ပြန်မထနိုင်ဖြစ်နေတာကို ငါတွေ့ခဲ့တယ်။ ရိုက်ကူးရေးအဖွဲ့ထဲက အခြားလူတွေက သူ့နားကနေ ဖြတ်သွားပေမဲ့ ဘယ်သူကမှ သူ့ကို မတ်တပ်ရပ်နိုင်အောင် မကူညီခဲ့ကြဘူး။"

“ငါကဖြတ်သွားဖြတ်လာ ပရိတ်သတ်တစ်ယောက်ပါ ၊ ငိုရလွန်းလို့ တစ်ရှုးတစ်ထုပ်လုံး သုံးပစ်လိုက်တယ်။" 

“ငါလည်း ဖြတ်သွားဖြတ်လာတစ်ယောက်ပါပဲ။ ဒီဗွီဒီယိုကိုကြည့်ပြီးတဲ့နောက် ငါက အကူအညီမဲ့ပြီး ဝမ်းနည်းသလို ခံစားရတယ်။ ရုပ်ရှင်နဲ့ TV အသိုင်းအဝိုင်းမှာ လီကျောင်းလိုမျိုး စတားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်နေတဲ့ သရုပ်ဆောင်တွေ ဘယ်လောက်တောင် ရှိမလဲ။ လီကျောင်းရဲ့ မျက်နှာသွင်ပြင်က ထူးခြားပေမဲ့ သူတောင်မှ အရမ်း ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတယ်။ သူ့လောက် မချောတဲ့သူတွေဆို ဘယ်လောက်တောင် ခက်ခဲကြမလဲ။"

“အပေါ်ကအစ်မက နည်းနည်းရိုးစင်းလွန်းတယ်။ လီကျောင်းက အရမ်းချောမောတဲ့အတွက် ဘယ်လိုလုပ် စိတ်သောကရောက်မှာလဲ။ သူက လုံလောက်တဲ့နာခံမှုမရှိလို့ စိတ်ဆင်းရဲနေရတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူက အချို့စည်းမျဉ်းတွေကို လက်ခံဖို့ ဆန္ဒမရှိဘူး။ ငါ့မှာ အတွင်းလူဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ လွန်ခဲ့တဲ့နှစ်ရက်က ငါသူနဲ့ညစာစားပြီး လီကျောင်းအကြောင်း ပြောခဲ့တယ်။ လီကျောင်းက အရမ်းကောင်းတဲ့လူတစ်ယောက်လို့ သူက ပြောတယ်။ လီကျောင်းက အဖွဲ့ထဲမှာအမြဲတမ်း ကလေးကလားနဲ့ ပျော်ပျော်နေတတ်တယ်။ သူက သေလောက်အောင် ပင်ပန်းနေရင်တောင်မှ နေ့လယ်စာဘူးကို အဖွဲ့သားတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် စားနိုင်တယ်။ လီကျောင်းက ပုံမှန်အချိန်တွေမှာ အရမ်းချွေတာတတ်တယ်။ သူက နှစ်ယွမ်ပဲတန်တဲ့ တွင်းထွက်ရေတစ်ဘူးသောက်ဖို့တောင် တွန့်ဆုတ်နေခဲ့တယ်။ သူက များသောအားဖြင့် ပလတ်စတစ်ရေနွေးအိုးကြီးတစ်လုံး သယ်လာပြီး  ရေနွေးယူဖို့ ရေပေးတဲ့နေရာကို အပြေးအလွှား သွားလေ့ရှိတယ်။ ငါ့သူငယ်ချင်းက နောက်ဆုံးမှာ လီကျောင်း အောင်မြင်သွားတဲ့အတွက် အရမ်းဝမ်းသာနေတာ။ သူက အနာဂတ်မှာ ပိုပိုပြီးတိုးတက်လာလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။”

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now