Chapter (10) Z+U အရသာရှိသော/အရသာရှိသော

5.8K 933 66
                                    

Zawgyi

အရသာရှိသော

ယာဉ်မောင်းသည် ထိုအမျိုးသမီးက လီကျောင်းကိုသိပုံရသဖြင့် မဆိုင်းမတွပင် အရှိန်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။ သို့သော်လည်း သူကမရပ်ဘဲ ရန်ထင်း၏ ညွှန်ကြားချက်ကို စောင့်နေခဲ့သည်။

"ကားကိုရပ်လိုက် " ရန်ထင်းက အမူအရာမဲ့စွာ ပြောလိုက်သည်။ သူက ဘေးတွင် ချထားသည့် အဖြူရောင်လက်အိတ်ကို ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် တစ်ခဏမျှ ရပ်တန့်သွား၏ ။ သူက ဘေးတွင်ထိုင်နေသည့် လီကျောင်းကို ကြည့်ကာ လက်ကိုပြန်ရုတ်လိုက်သည်။ လီကျောင်းသည် နွေးထွေးစွာ ပြုံးနေသော ယောင်ရှရှကိုကြည့်လိုက်ပြီး မသိစိတ်အလျောက် ရန်ထင်းဘက်သို့ ရွှေ့လိုက်မိ၏ ။ ထို့နောက် သူသည် သူမအပေါ် အနည်းငယ်ရိုင်းစိုင်းသကဲ့သို့ ဖြစ်သွားမည်ကို သတိပြုမိသဖြင့် ထိုင်ခုံသို့ အမြန် ပြန်လာပြီး တစ်ဝက်ဖွင့်ထားသောပြတင်းပေါက်မှတစ်ဆင့် စကားပြောလိုက်သည် ။ "အစ်မရှရှ ၊ ဘာဖြစ်တာလဲ"

"အစ်မကားက ပျက်နေတယ် ၊ အဲဒါကိုဘယ်လို ပြင်ရမလဲမသိဘူး" ယောင်ရှရှသည် လီကျောင်းအား တောင်းပန်သည့်သဘောဖြင့် ပြုံးပြသည်။ " ဒီနေ့နေ့လယ်မှာ အလုပ်တစ်ခုရှိတယ်။ ငါ့ကို လိုက်ပို့ပေးဖို့ မင်းကို ဒုက္ခပေးလို့ရမလား ။ "

သူမကို လိုက်ပို့ခြင်းသည် ရန်ထင်းနှင့် ဟော့ပေါ့ သွားမစားနိုင်ခြင်းနှင့် ညီမျှသည်...ကူပွန်ကို သုံးလို့မရတော့ဘူး... ငွေကို ဖြုန်းတီးမိမယ်... ရန်ထင်းက အကြာကြီး စောင့်နေရလိမ့်မယ်... ...စသည်ဖြင့် လီကျောင်း၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများပေါ်လာပြီး ယောင်ရှရှအား ဝမ်းနည်းကာ အကူအညီမဲ့နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်အစ်မရှရှ ၊ နေ့လယ်ကျရင် အရေးကြီးတဲ့အရာတစ်ခု လုပ်စရာရှိလို့ အစ်မကို လိုက်မပို့နိုင်လောက်ဘူး။ ကျွန်တော့်ဆီမှာ ပွဲစီစဉ်သူ ဝန်ထမ်းရဲ့ ဖုန်းနံပါတ်ရှိတယ်။ သူတို့ကို ဒီကိုလာပြီး ကားစီစဉ်ပေးဖို့ ကျွန်တော် အကူအညီတောင်းပေးရမလား။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now