Chapter (79-1) Z+U ရှုရန်ထင်း / ရှုရန်ထင်း

3.7K 702 36
                                    

Zawgyi

ရှုရန်ထင်း

လီကျောင်း၏အဖွဲ့သည် မကြာမီ လီကျောင်း၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်ကို သိရှိခဲ့သည်။

၇၀၁ မှတ်ဟု သူကြားလိုက်သည်နှင့် လော့ရုန်၏ ပထမဆုံးအတွေးမှာ 'လီကျောင်းသာ အနုပညာအသိုင်းအဝိုင်းထဲ မဝင်ခဲ့ရင် ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်နေမှာပဲ။' ဟူ၍ ဖြစ်၏။ 

၇၀၁ မှတ်သည် အလုပ်ကြိုးစားရုံနှင့် ရနိုင်သည့်အမှတ်မျိုး မဟုတ်ချေ။

"အစ်ကိုလော့ ကျွန်တော်တို့ ဆောင်းပါးတွေ ဝယ်ကြမလား။"

၇၀၁ မှတ်သည် သာမန်လူများပင် သူတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ကြွားရန် ပါတီတစ်ခု ကျင်းပနိုင်သော အမှတ်မျိုးဖြစ်သည်။

ရလဒ်များမထွက်သေးသည့် ကာလအတွင်း အနုပညာရှင်များစွာက ကျောင်းကျောင်းနှင့်ပတ်သက်သည့် ဆောင်းပါးများ ဝယ်ယူကာ သူ့အပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြ၏။ ထိုအချိန်တွင် အမှတ် ၅၀၀ ကျော်ရခဲ့သော အနုပညာရှင်က ကျောင်းကျောင်းကို ချနင်းနေပြီဖြစ်သည်။

"ဝယ်မယ်… ဝယ်မယ်… ဝယ်သာဝယ်…။" လော့ရုန်သည် သူ၏ကီးဘုတ်ကို တရစပ် နှိပ်နေသည်။ “ဒီလူတွေက ကျောင်းကျောင်းကို hot search ဆီ ပို့ဖို့ မစောင့်နိုင်တော့ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်ကောင်းလေးကို ဘာလို့မသုံးဘဲ နေရမှာလဲ။"

“ရက်စ်စ်……” အဖွဲ့ရှိလူတိုင်းက စိတ်လှုပ်ရှားနေပြီး မီဒီယာနှင့် ဆက်သွယ်ရန် မစောင့်နိုင်တော့ချေ။

လွယ်လွယ်နဲ့ ရနိုင်တဲ့အရာမဟုတ်လို့ သူတို့ကို အပြစ်မတင်နဲ့။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် တရုတ်လူမျိုးများ၏ စိတ်ထဲတွင် အထူးအဆင့်အတန်းတစ်ခုအဖြစ် ရှိနေခဲ့သည်။ အထက်တန်းကျောင်း အောင်လက်မှတ် မပြနိုင်ပါက သူတို့အိမ်ပြန်ဝံ့မည် မဟုတ်ပေ။

နောက်အချက်တစ်ခုလည်း ရှိသေး၏။ အချို့မိဘများသည် သားသမီးများက အနုပညာရှင်နောက် တကောက်ကောက်လိုက်နေခြင်းကို သဘောမကျပေ။ သူတို့၏ကလေးမှ တကောက်ကောက်လိုက်နေသည့် အနုပညာရှင်သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အမှတ် ၇၀၀ ကျော်ရကြောင်း သိသွားပါက သူတို့၏သဘောတူမှု ရာခိုင်နှုန်း ပိုများလာပေလိမ့်မည်။ 

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now