Zawgyi
အချစ်များရေတွက်ခြင်း
ရှုပေ ထိတ်လန့်သွားကာ သူ့စိတ်ထဲတွင် သူလက်သင့်မခံချင်သည့် အဓိပ္ပာယ်မရှိသော မှန်းဆချက်တစ်ခုကို တွေးမိသွားသည်။ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ လီကျောင်းနဲ့ ရန်ထင်းဆုံတွေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
"မင်းမျက်နှာကိုကြည့်ရတာတော့ ငါက ရန်ထင်းကို သိနေလို့ အံ့သြသွားတဲ့ပုံပဲ။" လီကျောင်းက ရှုပေ၏ပုခုံးကို ပုတ်လိုက်သည်။ “အဆင်ပြေပါတယ်။ မင်းဘာလို့ အဲ့ဒါကို လက်မခံချင်လဲဆိုတာ ငါနားလည်တယ်။ ဒါပေမဲ့ တစ်ခါတစ်လေ အမှန်တရားက ရက်စက်တယ်။ ငါက ရန်ထင်းရဲ့ ဆွေမျိုးမဟုတ်ပေမဲ့ ငါနဲ့ရန်ထင်းက ခင်တယ်။"
ရှုပေ၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်သွားပြီး အချိန်အတော်ကြာ စကားမပြန်နိုင်ချေ။
အံ့ဩစရာ မရှိတော့ဘူး...
စတော်ဘယ်ရီအင်တာတိန်းမန့်က လီကျောင်းအတွက် ဘာလို့ အရမ်းဂုဏ်ယူနေပြီး သူ့ရဲ့ အရင်းအမြစ်တွေ အားလုံးက အသိုင်းအဝိုင်းထဲမှာ ဘာလို့ ထိပ်တန်းအဆင့်တွေ ဖြစ်နေလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။ တစ်ဝက်ကျော် ရိုက်ကူးပြီးတဲ့ မိုးကောင်းကင်တိမ်တိုက်များသာ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ခဲ့မယ်ဆိုရင် ဒါကို ထိပ်တန်းအဆင့်အရင်းအမြစ်လို့ ခေါ်နိုင်တာပဲ။
လီကျောင်း ဇာတ်ကားမှာ ပါဝင်ပြီးတဲ့နောက် ရင်းနှီးမြုပ်နှံသူအသစ်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သူ အစကထင်ခဲ့တာ။ မထင်မှတ်ပဲ သူ့နောက်က ရွှေသခင်က ရန်ထင်း ဖြစ်နေတယ်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
(gold master ကို တိုက်ရိုက်ပဲပြန်လိုက်တယ်နော်။ ဒါမှမဟုတ် စပွန်ဆာလို့ ပြန်သင့်လား အကြံပေးပါအုံး။)
သူက လီကျောင်းကို ငေးကြည့်နေသည်။ လီကျောင်းက အသည်းအသန် ရိုက်ကူးရေးတွေ လုပ်ခဲ့လို့ သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ ရောဂါမျိုးစုံ စုပုံလာတာလား။ အဲ့ဒါကြောင့် အသက်သုံးဆယ်မှာ ဆေးရုံတင်ထားရပြီး နောက်ဆုံး ဆေးရုံမှာ ဆုံးသွားတာလား။

YOU ARE READING
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
RomanceZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...