Chapter (53-2) နွေးထွေးသော/ နွေးထွေးသော

4K 768 17
                                    

Zawgyi

နွေးထွေးသော

"လောင်ရှန်းရေ၊ အခြားရင်းနှီးမြှုပ်နှံသူတစ်ယောက် နုတ်ထွက်သွားပြီ။" သူငယ်ချင်းဖြစ်သူက စာရွက်တစ်ရွက်ပေါ်တွင် ရေးခြစ်နေသည့် ဒါရိုက်တာရှန်းကို ကြည့်လိုက်သည်။ "ဒါမှမဟုတ် အဲ့ကိစ္စကို ငါတို့မေ့လိုက်ကြရအောင်။"

"မင်း ဘာပြောလိုက်တာလဲ။" ဒါရိုက်တာရှန်းက ဘောပင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့၏။ "ဒီကိစ္စအတွက်နဲ့ ငါနှစ်တွေအကြာကြီး အချိန်ပေးထားခဲ့ပြီး အိမ်နဲ့ ကားကိုတောင် ရောင်းခဲ့တာ။ ငါ မေ့ပစ်မှာ မဟုတ်ဘူး။"

"ဒါပေမဲ့ ဒီဇာတ်ကားက အရမ်းဈေးကြီးတယ်။" သူငယ်ချင်းဖြစ်သူက သည်းခံနိုင်စွမ်း မရှိတော့ချေ။ "ဘာလို့ တခြားဇာတ်ညွှန်းတွေကို အရင်မရွေးလိုက်တာလဲ။ ပြီးမှ ငါတို့ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံသူကို ရှာပြီး ရုပ်ရှင်ကို ဆက်ရိုက်ကြမယ်လေ။"

"အစ်ကို၊ မင်းက ကြင်နာတတ်တာ ငါသိပါတယ် ဒါပေမဲ့ အဲဒါက နှစ်ပေါင်းများစွာ ရင်းနှီးထားရတဲ့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုပဲ။ ပြီးတော့ အမျိုးသားဇာတ်လိုက်အဖြစ် ပါဝင်ပေးမဲ့ နာမည်ကြီးပြီး သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်ကို ရှာတွေ့ဖို့က ငါ့အတွက် မလွယ်လှဘူး။ သူ့ကို လွဲချော်သွားရင် ငါ တစ်ခြားမင်းသားတစ်ယောက် ရှာနိုင်ပါ့မလား မသိ ဘူး။" ဒါရိုက်တာရှန်းတွင် တစ်ခါက သမီးတစ်ယောက်ရှိခဲ့ဖူး၏။ သူသည် သူ့သမီးငယ်အား ဂြိုလ်သားတစ်ယောက်နှင့် လူသားတစ်ယောက်တို့ သူငယ်ချင်းဖြစ်လာသည့်အကြောင်း ရုပ်ရှင်တစ်ကားရိုက်ပေးမည်ဟု ကတိပေးခဲ့သည်။

သူ့သမီးက ကမ္ဘာမြေပေါ်ရှိ လူသားမှာ မင်းသားလေးကဲ့သို့ဖြစ်ပြီး ဂြိုလ်သားက ထိုသူ့ဆီမှ အကျင့်ကူးစက်သွားကာ လူသားအဖြစ် ကြီးပြင်းလာရန် သင်ယူပြီး နောက်ဆုံးတွင် လူသားများနှင့် မိတ်ဆွေကောင်းများ ဖြစ်လာကြလိမ့်မည်ဟု ပြောခဲ့သည်။

သို့သော် ထိုချစ်စရာကောင်းသည့် ကလေးမလေးသည် လွန်ခဲ့သောနှစ်အနည်းငယ်က အပြင်းအထန် ဖျားနာခဲ့သည်။ သူ့ကလေးကို ကုသရန်အတွက် ဒါရိုက်တာရှန်းသည် တစ်နိုင်ငံလုံးရှိ ဆေးရုံအများစုသို့ အပြေးအလွှားသွားခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးသွားခဲ့၏။ သူတို့သမီးလေး ဆုံးပါးသွားကြောင်းကို ဇနီးမောင်နှံက လက်မခံနိုင်ဘဲ နောက်ဆုံးတွင် ကွာရှင်းရန် ရွေးချယ်ခဲ့ကြသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now