Zawgyi
မဝံ့ရဲပါ
မိုးကောင်းကင်ကျူးရင့်သံအဖွဲ့သားများ၏ ညစာစားပွဲအပြီးတွင် တီဗီဒရာမာ၏တရားဝင် Weibo က ဓာတ်ပုံတစ်ပုံ တင်လိုက်သည်။ဓာတ်ပုံထဲ၌ အဖွဲ့သားများက အပြုံးပန်းဝေနေပြီး ဒါရိုက်တာယန်၏ဝိုင်းရှိ သရုပ်ဆောင်တစ်ယောက်၏ခွက်မှာ ထူးခြားနေသည်ကို ပရိသတ်များက တွေ့ရှိသွား၏။
“ဒါရိုက်တာရေ၊ ရှင်တို့ကြားမှာ သစ္စာဖောက်တစ်ယောက်တွေ့တယ်နော်။ သူက ဖျော်ရည်သောက်နေတယ်။”
"ဟုတ်တယ်၊ ငါလည်းတွေ့တယ်။"
“ငါ ယုံတောင်မယုံနိုင်ဘူး။ လီပရိတ်သတ်တွေက anti fan တွေထက် ပိုရက်စက်တယ်။”
"ကျွန်တော်က တကယ့်ပရိသတ်မဟုတ်ဘူးနဲ့တူတယ်၊ လီကျောင်းက တခြားသူတွေနဲ့ မတူတဲ့ တစ်ခုခု သောက်နေတာကို သတိမထားမိလိုက်ဘူး။ ဟားဟား။"
“ရယ်ရလွန်းလို့ သေတော့မယ်။ လုဟောင်က ဒီပို့စ်ကို forward လုပ်လိုက်တာ မြင်တယ်မလား။ လုဟောင်က လီကျောင်းက လက်ထပ်ဖို့အရွယ်မရောက်သေးလို့ မသောက်သင့်သေးတာနဲ့ ဖျော်ရည်ကို သူနဲ့ဖိန်ဖိန်က ပေးလိုက်တာ လို့ ပြောတယ်လေ။"
"ဟားဟား၊ သူက အသက် မပြည့်သေးဘူး၊ ဟားဟားဟား။"
“ဟုတ်တယ်၊ ငါတို့ရဲ့ ကျောင်းကျောင်းက ဒီနှစ်မှ အသက် ၂၀ ပဲ ရှိသေးတာ။ ဖျော်ရည်သောက်ရတာက သိပ်ပြီးရှက်ဖို့မကောင်းပါဘူး။"
“ဒီအဖွဲ့သားတွေကို ကြည့်ရတာ ကောင်းလိုက်တာ။ ဒါနဲ့ ဒီဒရမ်မာရဲ့ အမျိုးသမီးဇာတ်ဆောင်က လျို့ဖိန်ပါလို့ ငါ မကြားမိသလိုပဲ။”
"လျို့ဖိန်နဲ့ ဒါရိုက်တာက ဆက်ဆံရေးကောင်းတယ်လေ။ သူက ဒရာမာမှာ ဧည့်သည်အဖြစ် သရုပ်ဆောင်ပြီး ဒါရိုက်တာကို ကူညီပေးတာ။”
မိုးကောင်းကင်ကျူးရင့်သံသည် ထုတ်လွှင့်ခြင်းမရှိသေးသော်လည်း တရားဝင် Weibo ရှိ 'ညစာစားပွဲမှ အရက်မသောက်တဲ့ သစ္စာဖောက်' ကြောင့် အင်တာနက်ပေါ်တွင် နာမည်ကြီးလာခဲ့သည်။
လုဟောင်နှင့်လီကျောင်း နှစ်ယောက်စလုံးသည် ဖြတ်သွားဖြတ်လာများထံမှ အထင်အမြင်ကောင်းများ ရရှိလာကြ၏။ ထို့ကြောင့် လူအများက ဤဒရမ်မာထုတ်လွှင့်မည့်အချိန်ကို မျှော်လင့်စောင့်စားနေကြသည်။
YOU ARE READING
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
RomanceZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...