Chapter (69) Z+U အေရးအၾကီးဆံုး / အရေးအကြီးဆုံး

4K 794 17
                                    

Zawgyi

အေရးအၾကီးဆံုး

ဝိန်ထျန်း ကုမ္ပဏီမှထွက်လာပြီး အိမ်ပြန်ရောက်သည်နှင့် သူ့ချစ်သူကို ဖုန်းဆက်လိုက်သည်။

ဝိန်ထျန်းက လီကျောင်းအကြောင်း အစမဖော်ခင်အထိ သူတို့နှစ်ယောက်သည် အချစ်စကားချိုချိုလေးများ ပြောခဲ့ကြသည်။ “ရှင့်အထင်မှန်တယ် သိလား။ လီကျောင်းက ချန်ဟွမ်းရဲ့အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်နဲ့ ပတ်သတ်နေတယ်။ ချစ်ကတော့ ရန်ထင်းလို့ ထင်တာပဲ။"

"သူမဖြစ်နိုင်ဘူး။" သူ့ချစ်သူက ဖြတ်ပြောလိုက်သည်။ "တစ်ခြားဘယ်သူမဆို ဖြစ်နိုင်ပေမဲ့ ရန်ထင်းတော့ မဟုတ်ဘူး။"  

"ဘာလို့လဲ။"

“ဘာလို့လဲ မမေးနဲ့။” သူ့ချစ်သူ၏ လေသံမှာ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော်လည်း ခပ်မြန်မြန်ပင် စိတ်ငြိမ်သွား၏။ "ထျန်းထျန်း၊ ရန်ထင်းကလွဲရင် ဘယ်သူက လီကျောင်းနဲ့အတူရှိနိုင်မယ်လို့ ထင်လဲ။"

လီကျောင်းကို အတွင်းပိုင်းစီမံခန့်ခွဲမှုဌာနမှ ဂရုမစိုက်ပါက အကြီးတန်းအမှုဆောင်အရာရှိသည် ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် လီကျောင်း၏ဖျော်ဖြေမှုကို နှစ်သက်ကြောင်း ဘယ်သောအခါမှ ပွင့်ပွင့်လင်းလင်း ဖော်ပြမည်မဟုတ်ပေ။

“ကျွန်မ… ကျွန်မ…” ဝိန်ထျန်းက သူ့ချစ်သူကို စိတ်မဆင်းရဲစေချင်သောကြောင့် ထိုအကြောင်းကို ဂရုတစိုက် စဉ်းစားနေမိသည်။ "ချင်ရှောင်း ၊ အဲ့ဒါက ချင်ရှောင်း ဖြစ်နိုင်တယ်။"

"ပြီးခဲ့တဲ့တစ်ခေါက်က လီကျောင်းနဲ့တူတဲ့လူတစ်ယောက်က အစားအသောက် လာပို့ဖူးတယ်။ ချင်ရှောင်းကိုယ်တိုင် ဆင်းလာပြီး အဲ့ဒီလူကို အပေါ်ထပ်ခေါ်သွားတာ။" ဝိန်ထျန်းက သူမ သိသည့် အချက်အလက်အားလုံးကို ပြောပြလိုက်၏။ "ပြီးတော့ ချန်ဟွမ်းရဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲမှာ လုရန်ရိက လီကျောင်းနေရာ ဝင်ထိုင်တာကို ချင်ရှောင်းသိသွားပြီး လီကျောင်းကို သူ့ဘေးနား လာထိုင်ဖို့ တိုက်ရိုက် ခေါ်သွားတယ်လို့ ကြားခဲ့တယ်။ လီကျောင်း ပျော်အောင်လို့ သူက အကောင်းစားလက်တော့ပ်တစ်လုံး ယူလာပြီး လီကျောင်း မဲပေါက်တဲ့ပုံ ဟန်ဆောင်ခဲ့တယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Dove le storie prendono vita. Scoprilo ora