Chapter (59-1) အစားအသောက်ဂရုစိုက်ပေးခြင်း /အစားအသောက်ဂရုစိုက်ပေးခြင်း

4K 866 44
                                    

Zawgyi


"တောင်းပန်ပါတယ် ငါက သူ့ကို လီကျောင်းထင်လို့ နည်းနည်း စိတ်လှုပ်ရှားသွားတာ။" လက်ထောက်အမျိုးသမီးက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ငါက သူ့ကို အရမ်းကြိုက်တာဆိုတော့ တကယ်ထင်သွားတာ။"

“ရပါတယ်။ တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင် ဒီလိုတုံ့ပြန်မှုမျိုးက ပုံမှန်ပါပဲ။” အရှေ့ ကောင်တာမှ အမျိုးသမီးက လက်ထောက်အမျိုးသမီး၏ တံဆိပ်ပြားကို ငုံ့ကြည့်ကာ သူမ၏နာမည်ကို မှတ်လိုက်၏။ အမျိုးသမီးလက်ထောက် ထွက်သွားသည်နှင့် အရှေ့ကောင်တာဝန်ထမ်း၏ မျက်နှာပေါ်ရှိအပြုံးမှာ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ 

ဘာကို ပရိသတ်လဲ။ လီကျောင်းရဲ့ပရိသတ်တွေက လီကျောင်းလို့ နာမည်အပြည့်အစုံခေါ်ဖို့
တွန့်ဆုတ်ကြတယ်။ သူတို့က သူ့ကိုအမြဲလိုလို ဘေဘီလေး ဒါမှမဟုတ် ကျောင်းကျောင်းလို့ပဲ ခေါ်ကြတာလေ။ ဒါက anti fan က ပရိတ်သတ်တစ်ယောက်လို ဟန်ဆောင်နေတာ အသိသာကြီးပဲ၊ အရှက်မဲ့လိုက်တာ။

ဝိန်ထျန်းသည် ဓာတ်လှေကားဝင်ပေါက်ဆီသို့ ဦးတည်သွားကာ အကြီးတန်းစီမံခန့်ခွဲသူများအတွက် ရည်စူးထားသည့် ဓာတ်လှေကားကို ငုံ့ကြည့်လိုက်ပြီး သူမ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သူမ လုံးဝ နားကြားလွဲခြင်း မဟုတ်ပေ။ ချင်ရှောင်းက ဦးထုပ်ဆောင်းထားသည့်လူငယ်ကို 'မစ္စတာလီ' ဟုခေါ်လိုက်ပြီး လူငယ်၏နောက်ကျောမှာ လီကျောင်းနှင့် အတော်လေးဆင်တူပေသည်။ 

သူက အိမ်သာထဲဝင်သွားပြီး မက်ဆေ့ခ်ျပို့ရန် ဖုန်းကို ထုတ်လိုက်သည်။ မက်ဆေ့ခ်ျပို့ပြီးနောက် သဲလွန်စအားလုံးကို ဖယ်ရှားကာ အိမ်သာတံခါးကို ဖွင့်လိုက်၏။ သူမသည် လှမ်းဝင်လာသော လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် တည့်တည့်တိုးပြီး လုပ်ဖော်ကိုင်ဖက်က သူ့အား ပြုံးပြလိုက်သည်။ "လီလီက အားလပ်ရက်ရလို့ ပြန်လာပြီး ငါတို့အတွက် လက်ဆောင်တွေ ဝယ်လာခဲ့တယ်။ နင် ရုံးခန်းထဲမသွားရင် လီလီဝယ်ထားတဲ့အစားအစာတွေကို သူများစားသွားလိမ့်မယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now