Chapter (67-2)

3.7K 798 34
                                    

(T/N  အရင်အပိုင်းမှာ အသစ်ထပ်ဖြည့်ရင် တစ်ချို့ဖုန်းတွေမှာ ဖတ်မရဖြစ်တတ်လို့ နှစ်ခုပေါင်းပြီး အသစ်တင်လိုက်ပါတယ်။ အောက်တစ်ပိုင်းက မဖတ်ရသေးတဲ့အသစ်မို့ ဖတ်လိုက်ကြပါဦးနော်။)

Zawgyi

"ကျွန်တော့်ကို ကျောင်းကျောင်းရဲ့ငယ်ဘဝအကြောင်း ပြောပြပေးနိုင်မလား။" ကျူးရှ ထိုင်ပြီးနောက် ရန်ထင်းက မေးမြန်းလိုက်သည်။ "ကျွန်တော် သူ့အကြောင်း ပိုသိချင်တယ်။"

"မင်းရဲ့ အဆင့်အတန်းနဲ့ဆို မရှာတွေ့နိုင်စရာအကြောင်း ရှိလို့လား။"

"အစ်မရဲ့စကားတွေက ခံစားချက်မပါတဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာထက် ပိုပြီးရှင်းလင်းပြတ်သားပါတယ်။" ရန်ထင်းက ခေါင်းကို ဖြည်းလေးစွာ ခါလိုက်သည်။ "ကျောင်းကျောင်းရဲ့အတိတ်အကြောင်းလေ့လာတဲ့နေရာမှာ ဒီလိုရိုင်းပျတဲ့နည်းကိုသုံးဖို့ ဆန္ဒမရှိဘူး။"

ကျူးရှ၏မျက်နှာထားမှာ အလွန်နူးညံ့သွား၏။ "မင်း ဘာသိချင်တာလဲ။"

“သူဘာကို ကြိုက်လဲ။ ဘာကို မကြိုက်ဘူးလဲဆိုတာမျိုးပေါ့…”

ကျူးရှသည် ရန်ထင်းအား စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ "ဘောစ့်၊ လူမှုဖူလုံရေးအိမ်မှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်က သူတို့ကြိုက်ယ် မကြိုက်ဘူး ဆိုတာကို ရွေးပိုင်ခွင့်မရှိဘူး။"

သူတို့လွယ်ရတဲ့ ကျောင်းလွယ်အိတ်တွေကို လူမှုဝန်ထမ်းအိမ်က ဝန်ထမ်းတွေ ဒါမှမဟုတ် စေတနာကောင်းတဲ့လူတွေက ဝယ်ပေးထားတာ။ အဲ့ဒါတွေက အရည်အသွေးလည်း ကောင်းတယ်။ ကြည့်ပျော်ရှုပျော်ရှိပြီး သန့်ရှင်းနေသရွေ့ သူတို့အကုန်လုံးကို ကြိုက်ပါတယ်။

ရန်ထင်းသည် လီကျောင်းမည်ကဲ့သို့ကြီးပြင်းလာသည်ကို ပုံဖော်၍မရနိုင်ချေ။ 

“တကယ်လို့ ငါဆိုလိုချင်တာက…” ကျူးရှ ၏အပြုံးမှာ အလွန်ခါးသက်လာသည်။ " ကျောင်းကျောင်းက စာလေ့လာရတာ အရမ်းကြိုက်တယ်။ အခွင့်အရေးရရင် သူ့ကို တက္ကသိုလ်ပြီးအောင် တက်စေချင်တယ်။ ”

ကျောင်းကျောင်းရဲ့ အချစ်ဆုံးအရာတွေက ဘာလဲဆိုတာတောင် သူမ မသိဘူး။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]حيث تعيش القصص. اكتشف الآن