Zawgyi
ထုတ်လွှင့်ပြသခြင်း
နေ့ခင်းဘက်ရောက်သောအခါ ဟင်းသီးဟင်းရွက်ဈေးတွင် ဟင်းသီးဟင်းရွက်ဝယ်ရန် လူအနည်းငယ်သာ လာရောက်ကြပြီး ဧည့်သည်များက ကျန်ရှိနေသော ကန်စွန်းဥ ၁၂၀ ကီလိုကို ကြည့်နေကြသည်။
"လမ်းမှာရောင်းရမှာလား။" ကျန်းခွိုက်က အကြံပြုလိုက်သည်။
"အဲ့ဒီလိုပဲ လုပ်ရတော့မှာပေါ့။ အခု ဟင်းသီးဟင်းရွက်ဈေးမှာ လူသိပ်မရှိတော့ဘူးလေ။" ရှန်ကျန်းသည် ကျန်းခွိုက်၏ အဆိုပြုချက်ကို သဘောတူပြီး အခြားဧည့်သည်များကလည်း ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေကြသည်။
လီကျောင်းသည် နောက်ဆုံးသောပေါက်စီကို တစ်လုပ်တည်းနှင့် အပြီးသတ်လိုက်၏။ "ဒါပေမဲ့ အပြင်ဘက်မှာ ဈေးဆိုင်တည်ရင် ကျွန်တော်တို့ကို စည်ပင်သာယာက ဖမ်းသွားလိမ့်မယ်။ မနက်ဖြန် ဖျော်ဖြေရေးကဏ္ဌရဲ့သတင်းခေါင်းစီးက ကျွန်တော်တို့က လမ်းမပေါ်မှာ စီးပွားရေးလုပ်လို့ မြို့တော်စည်ပင်ရဲ့ဒဏ်ရိုက်တာ ခံလိုက်ရတယ် ဆိုပြီး ဖြစ်သွားလိမ့်မယ်။ သတင်းထဲက တခြားအနုပညာရှင်တွေက ချောတယ်၊ လှတယ်၊ သရုပ်ဆောင်လည်းကောင်းတယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ကိုသာ မြို့တော်စည်ပင်က ဖမ်းသွားရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ။"
"အရမ်းရှက်စရာကောင်းမှာပဲ။" ဧည့်သည်များက စိတ်ကူးကြည့်ရန်ပင် ကြောက်ရွံ့နေခဲ့သည်။
"ဒီကန်စွန်းဥတွေ ကျန်သေးတယ်။ ငါတို့ဘယ်လိုလုပ်ကြမလဲ။"
သူစကားပြောနေစဉ် လူတစ်ယောက်ရောက်လာကာ "ကန်စွန်းဥရောင်းတာလား။" ဟု မေးလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်တို့ ကန်စွန်းဥရောင်းနေတာပါ။" ကျန်းခွိုက်၏ စိတ်ဝိညာဉ်မှာ လွန်စွာတက်ကြွလာခဲ့ာ။ "ဘယ်လောက်လောက် ဝယ်ချင်တာလဲခင်ဗျ။"
"ဒီကန်စွန်းဥတွေက နည်းနည်းသေးသလိုပဲ။"
"လာပါ…လာပါ…ရွေးလို့ရပါတယ်။"
"ဈေးသက်သာရင် ငါအကုန်ယူမယ်။"
ကျန်းခွိုက်က ခေါင်းငြိမ့်ပြချင်သော်လည်း လီကျောင်းက အနောက်မှ တားလိုက်သည်။ "သူဌေး၊ ကန်စွန်းဥဝယ်ချင်လို့လား။"
YOU ARE READING
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
RomanceZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...