Chapter (33) ကြွားတာလား

4K 613 9
                                    

ကြွားတာလား

မင်္ဂလာအခမ်းအနား ရိုက်ကူးရေးမှာ TV စီးရီးများကဲ့သို့ ရိုမန်တစ်ဆန်ခြင်း မရှိပေ။ ကင်မရာများစွာက သရုပ်ဆောင်များကို နေရာအမျိုးမျိုးမှ ချိန်ရွယ်ထားသည်။ မီးထိုးမှန်ထိုးသမားများ၊ အသံအဖွဲ့သားများ ၊ဒရမ်မာဝန်ထမ်းများနှင့် သရုပ်ဆောင်များဖြင့် ရှုပ်ထွေးနေခဲ့၏။ ရိုက်ကူးရေးအဖွဲ့နှှင့် ထိတွေ့မှုမရှိဖူးသည့် မည်သည့်ပရိသတ်မဆို ဒရမ်မာဇာတ်ဝင်ခန်းများက ဒီလိုမျိုး ရိုက်ကူးရတာလား ဟူ၍ သံသယဖြစ်နိုင်လောက်ပေသည်။

ကင်မရာမှာ အနေအထားကို ချိန်ညှိနေဆဲဖြစ်၏။ လီကျောင်းနှင့် တစ်ဖက်မင်းသမီးတို့သည် ရံဖန်ရံခါ တိတ်တိတ်လေး တီးတိုးစကား ဆိုကြသော်လည်း သူတို့၏ မတ်တပ်ရပ်နေသည့် ကိုယ်နေဟန်ထားနှင့် အကွာအဝေးပေါ် အခြေခံ၍ သူတို့တွင် ပုဂ္ဂလိကဆက်ဆံရေး သိပ်မရှိသည်ကို မြင်နိုင်ပေသည်။

"ဒီအမျိုးသမီးအနုပညာရှင်က ကိုဘန်ကလေ။ သူမရဲ့နူးညံ့တဲ့အသွင်အပြင်ကို မကြည့်နဲ့။ တကယ်တော့ သူမက ကျောင်းကျောင်းကို ပြည့်တန်ဆာသရုပ်ဆောင်ဆိုပြီး လှောင်ပြောင်ခဲ့တာ။" တခယ်သည် ရန်ထင်း၏ဘေးမှ တီးတိုးလေး ပြောလိုက်၏။ "ကိုဘန်ကနေ နှစ်တိုင်း သရုပ်ဆောင်တွေထောင်ချီအောင် ထွက်လာပြီး ကျွန်တော်တို့ရဲ့ ကျောင်းကျောင်းနဲ့ယှဉ်နိုင်တဲ့သူတွေ အများကြီးရှိတယ်။ သူမက ပါးစပ်ဟလိုက်တာနဲ့ သူမရဲ့ထောင်လွှားမှုတွေကို ပြလိမ့်မယ်။"

တခယ်က ရန်ထင်းသည် အလွန်ချမ်းသာသော ဖြိုဖျက်ခြင်းသူဌေးကြီးဖြစ်သည်ကို မမေ့ခဲ့ပါ။ သူသည် ရန်ထင်းက ထိုအမျိုးသမီးအနုပညာရှင်ကို လှပသည်ဟု မြင်ပြီး အခြားအတွေးများ ရှိလာမည်ကို ကြောက်ရွံ့သဖြင့် သူသည် ထိုအနုပညာရှင်၏ ဟန်ဆောင်မျက်နှာဖုံးကို အမြန် ခွာချလိုက်သည်။ အရည်အချင်းပြည့်မီသော လက်ထောက်တစ်ဦးအနေနှင့် သူ့အနုပညာရှင်၏သူငယ်ချင်းအား အခြားအနုပညာရှင်တစ်ဦး၏ ရွှေပေါင်လုံးကြီး ဖြစ်ခွင့်မပေးနိုင်ပေ။

"အကုန်လုံးအဆင်သင့်ဖြစ်နေပြီ။" ဒါရိုက်တာယန်က ကင်မရာသမားအများစုကို ကြည့်လိုက်ရာ သူ့ကို လက်ဟန်ပြသဖြင့် လော်စပီကာကို ဆွဲထုတ်လိုက်သည်။ "အားလုံးပဲ ၊ တိတ်တိတ်နေကြပါ ။ သရုပ်ဆောင်တွေရဲ့ စိတ်ခံစားချက်ကို မနှောင့်ယှက်ပါနဲ့။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now