အပိုင်း ၁၁ : ဆရာသခင်ကလဲ သန်မာအောင်ကြိုးစားရမယ်

1.2K 139 1
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၁၁

အပိုင်း ၁၁  :  ဆရာသခင်ကလဲ သန်မာအောင်ကြိုးစားရမယ်

နံပါတ်တစ် ဂိုဏ်းတူအကိုကြီး အဖြစ်ကနေ အငယ်ဆုံးဂိုဏ်းသားလေး ဘဝကို ရာထူး ကျသွား အပြီးမှာတော့ ရှောင်ပုတန်လေးဟာ အူလှိုက်သည်းလှိုက်နဲ့ပဲ ရယ်မောလို့နေခဲ့ပါပြီ။ သူလေးကိုကြည့်ရတာဟာ  အလွန်ကြီးမားတဲ့ ဈေးဆစ်မှုကြီးတစ်ရပ်ကို အောင်မြင်မှု ရလိုက်သလိုပါပဲ။

ဟူး...တော်ပါသေးရဲ့ကွာ... လင်းဖုန်းကလည်း စိတ်သက်သာရာရစွာနဲ့ သက်မတစ်ချက်ကို ချလိုက်ပါတော့တယ်။ ရည်ရွယ်တာပဲဖြစ်ဖြစ်... မရည်ရွယ်တာပဲဖြစ်ဖြစ် ရှောင်ပုတန်လေးဟာ သူ့ရဲ့ခေါင်းစားနေတဲ့ ပြဿနာတစ်ရပ်ကို ဖြေရှင်းပေးလိုက်ပြီလေ။

နို့မဟုတ်ရင်တော့ သူဟာအနာဂတ်မှာ တပည့်လောင်းလေးတွေကို လက်ခံပြီးရင်တော့ ဦးနှောက်စားတော့မှာပါ။  ဟုတ်တာပေါ့လေ... ဘယ်သူက ပါးစပ်မှာနို့ပေနေတဲ့ ၄နှစ်အရွယ် ကလေးလေးကို စီနီယာအကိုကြီးလို့ ခေါ်ချင်ပါ့မလဲ။

လင်းဖုန်းဟာ ရှောင်ပုတန်လေးကို ပြုံးပြီးတော့ ကြည့်လိုက်ပါပြီ… "အား... ကောင်ကလေးရာ... မင်းလေးက ဒီလောက်အထိ သိတတ်မှတော့ ဆရာသခင်ကလဲ မင်းကိုကောင်းကောင်းလေး စောင့်ရှောက်ပေးရ မှာပေါ့ကွာ"

အကြီးဆုံးတပည့်ပဲ ပြောပြော... အငယ်ဆုံးတပည့်ပဲ ဆိုဆို... လောလောဆယ်မှာတော့ တပည့်က ဒီတစ်ယောက်ပဲ ရှိသေးတာလေ။
ရှောင်ပုတန်လေးကို ကြည့်ရင်းနဲ့ပဲ ဆရာတစ်ယောက်ရဲ့ ပီတိတွေကို ခံစားမိပြီး ဝမ်းသာကြည်နူးလာခဲ့ပါတော့တယ်။

ဒါပေမယ့်လဲ သိပ်မကြာခင်မှာပဲ အတွေးတစ်ချက်ဝင်လာတော့ လင်းဖုန်းတစ်ယောက်ဟာ စိတ်ဓာတ်ကျချင်ချင် ဖြစ်လာပါတော့တယ်။ ရှောင်ပုတန်လေးရဲ့ သဘောပေါက် နားလည်နိုင်စွမ်းက အရမ်းကို မြင့်မားနေခဲ့တာလေ...အရိပ်လေး ပြလိုက်ရုံနဲ့ တစ်ကောင်လုံးကို မြင်နေပါပြီ။
ကောင်းကင်ကိုးလွှာ မိုးကြိုးနည်းစနစ်လိုမျိုး အလန်းစား တာအိုနည်းစနစ် မျိုးကိုတောင်မှ အားသိပ်မစိုက်ရပဲ လွယ်လွယ်ကူကူ သင်ယူနိုင်ခဲ့တယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now