အပိုင်း ၆ : မင်းတို့တတွေကိုမှ ဂျင်းမထည့်ရရင် ဘယ်သူတွေကို ဂျင်းထည့်ရမှာလဲကွာ

1.3K 145 0
                                    

ဂန္တဝင်ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၆

အပိုင်း ၆ : မင်းတို့တတွေကိုမှ ဂျင်းမထည့်ရရင် ဘယ်သူတွေကို ဂျင်းထည့်ရမှာလဲကွာ

ကောင်မလေးရဲ့ မျက်နှာသွင်ပြင် အမူအယာဟာ အလွန်ကိုမှပဲလှပပြီး မယုံနိုင်စရာ ကောင်းလောက်အောင် ရည်မွန်ကျော့ရှင်း လှပါတယ်… သူမရဲ့ ခန္ဓာကိုယ်  တစ်ခုလုံးကနေလဲ သန့်စင်ပြီး အေးစက်လှပတဲ့ ထူးခြားလှတဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နေခဲ့တယ်လေ။

သူမရဲ့ နူးညံ့လှတဲ့ နားအစုံမှာတော့ အစိမ်းရောင် ကျောက်စိမ်းနားဆွဲတွေကို ပန်ဆင်ထားပြီး… သူတို့တတွေက လှုပ်ခါသွားတဲ့အခါမှာ… ထင်မှတ်မထားပဲ နားဝင်ချိုတဲ့ ဆည်းလည်းသံလေး တွေကိုလဲ ကြားနိုင်ပါသေးတယ်။

အပြင်ပန်း မှာကတော့ လင်းဖုန်းဟာ မိန်းမပျိုလေးရဲ့ အလှအောက်မှာ  အပြုစားခံလိုက်ရတဲ့ သာမန်ကောင်လေး တစ်ယောက် ပုံစံအတိုင်းပဲ… ရှက်ကိုးရှက်ကန်းနဲ့ပဲ ခေါင်းကို ငုံ့ထားခဲ့ပါတယ်။

အမှန်ကတော့ သူ့ရဲ့မျက်လုံးတွေ တောက်ပနေတာကို တခြားလူတွေကို မမြင်စေချင်လို့ပဲ ဖြစ်ပါတော့တယ်။

လက်ထပ်ပွဲ ဖျက်သိမ်းခြင်း… ဒါဟာ မရေမတွက်နိုင်တဲ့ သူရဲကောင်း  အမြောက်အမြားကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဒဏ္ဍာရီလာ လက်ထပ်ပွဲ ဖျက်သိမ်းခြင်းပဲ ဖြစ်ပါတော့တယ်။

ကောင်မလေးရဲ့ ဘေးမှာက သူမနဲ့ အတူတူ ဝတ်ရုံဖြူကို ဝတ်ဆင်ထားတဲ့ ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ပါ။ သူဟာ ရှည်လျားတဲ့ ခန္ဓာကိုယ်ရှိပြီး ချောမောတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပါတယ်… သူ့ရဲ့ကိုယ်မှာ လှည့်ပတ်နေတဲ့ မှော်စွမ်းအင် လှုပ်ရှားမှုတွေအရ… သူဟာ ချီသာဝကအဆင့် ၁၀ စွမ်းအားကို ပိုင်ဆိုင်ထားကြောင်းကို သိနိုင်တယ်လေ။

ဒီဝတ်ရုံဖြူ လူငယ်ဟာ လင်းဖုန်းကို တစ်ချက်မျှသာ စိုက်ကြည့်လိုက်ပြီး… နောက်ထပ် တစ်ချက်မှ မကြည့်တော့ပါဘူး… လင်းဖုန်းရဲ့ မြောက်ပိုင်းအရုဏ်ဦး ဓားစာမိထားတဲ့ ကျောက်တုံးဆီကို အကြည့်လွှဲလိုက်ပြီး နဖူးကိုကြီးကို တွန့်လိုက်ပါပြီ… "ဟာ… ငါတို့က ချက်ချင်းအမြန် လာခဲ့တာပဲဟ… ကြည့်ရတာတော့ ဒီလူက ခပ်ဝေးဝေးတော့ မရောက်လောက်သေးဘူးကွ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Tempat cerita menjadi hidup. Temukan sekarang