အပိုင်း ၆၅ : ဆရာက အိမ်မှာ မရှိဘူး : ပထမဆုံး ကျည်ဆန်

823 77 5
                                    

အပိုင်း ၆၅ : ဆရာက အိမ်မှာ မရှိဘူး : ပထမဆုံး ကျည်ဆန်

ဟန်တောင်ကျောင်းတော်က လူတွေဟာ ပျံသန်းလာကြတုံးက… သူတို့ဟာ မရပ်နားမှီ ဟန်တောင်ကနေ ၅၀၀ ကီလိုမီတာလောက်ကို ပျံသန်းလာကြပါတယ်။

အဲ့ဒါပြီးတော့ စီးခုံးနန်ဟာ ဝမ်လင်းကို ခေါ်ဆောင်ပြီး အဝေးကြီးကို ထပ်ပြီးတော့ ပျံသန်းသွားခဲ့တယ်လေ။ အရပ်မျက်နှာတွေကို ပြန်လည်တွက်ချက် လိုက်ပြီးတော့… လင်းဖုန်းဟာ မဟူရာ တိမ်တိုက်အလံကို ထိန်းချုပ်လိုက်ပြီး ဝမ်လင်းနဲ့ ငရဲကမ္ဘာ ပုတီးလုံးလေးကို ယူဆောင်လိုက်ကာ… ဟန်တောင်ရှိရာဆီကို ပြန်ပြီးတော့ ပျံသန်းလာခဲ့လိုက်ပါပြီ။

လင်းဖုန်းရဲ့ တပည့်လေးသုံးယောက် တို့ကလဲ… ဟန်တောင်ရဲ့ တောင်ခြေက မြို့ကလေးမှာ သူ့ကို စောင့်နေကြပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့တပည့်တွေနဲ့ မတွေ့နိုင်သေးခင်… လင်းဖုန်းဟာ ဝမ်လင်းနဲ့ စီးခုံးနန်တို့ကို စာရင်းအရင် ရှင်းရဦးမှာ ဖြစ်တဲ့အတွက် ဆိတ်ငြိမ်တဲ့ နေရာတစ်ခုကို အရင်ရှာရဦးမှာပါ။

သူဟာ ဟန်တောင်ရဲ့ အရှေ့ဘက်က ၅၀ကီလိုမီတာ နီးပါးလောက်မှာရှိတဲ့ တိတ်ဆိတ်တဲ့ လျှိုမြောင်လေးတစ်ခုကို တွေ့ရှိလိုက်ရတော့… မဟူရာ တိမ်တိုက်အလံကို ဖွင့်လိုက်ကာ ဒီလျှိုမြောင်ရဲ့ လေဟာနယ် တစ်ခုလုံးကို ချိတ်ပိတ်လိုက်ပြီး… အသံလွှင့် သလင်းကျောက်တုံးလေး တစ်ခုကို ခြေမွလိုက်ပါတယ်။

သလင်းကျောက်တုံး အပိုင်းအစလေးကနေ အဖြူရောင် အလင်းတန်း ဖျော့ဖျော့လေးဟာ ထွက်လာခဲ့ပြီး.. ရှောင်ယန်ရဲ့ အသံဟာ ဒီအဖြူရောင် အလင်းတန်းလေး ထဲကနေ ပေါ်ထွက်လာခဲ့ပါပြီ… "အာ… ဆရာသခင်… ဘာကိစ္စများ ရှိသလဲဗျ?"

လင်းဖုန်းကလဲ ပြောလိုက်ပါပြီ… "အင်း… ဒီနောက်ပိုင်းမှာ ဆရာသခင်က အနန္တ စကြာဝဠာကြီးရဲ့ လမ်းစဉ်အတိုင်း တရားထိုင်နေခဲ့တာ… ငါ့ရဲ့ တာအိုနည်း အဆင့်တွေဟာ အဆင့် နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီကွ… ဒါပေမဲ့လည်း ငါက အချိန်အတိုင်းအတာ တစ်ခုအထိကို တံခါးပိတ်ပြီး လေ့ကျင့်ရဦးမယ်ဟ။ တကယ်လို့များ မင်းတို့လေးတွေက မင်းတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေများ ရှိလာခဲ့ရင်… ဆရာသခင်ဆီကို လာပြီးတော့ ရှာနိုင်တယ်ကွ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Donde viven las historias. Descúbrelo ahora