အပိုင်း ၇၂ : ပထမ အဓိကမစ်ရှင် ပြီးမြောက်ခြင်း
ဒီအလင်းတန်း စက်လုံးလေးရဲ့ အတွင်းမှာ... ဝမ်လင်းဟာ နောက်ဆုံးမှာတော့ နိုးထကာ လာခဲ့ပါပြီ။ သူက သူ့ရဲ့ ခေါင်းကိုလှည့်ပြီးတော့ ဟိုကြည့်ဒီကြည့် ကြည့်လိုက်ပါတယ်။ သူက စီးခုံးနန်ဟာ စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်နေပြီးမှ... အစစ်အမှန် ငရဲကမ္ဘာရေတွေရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတာကို တွေ့ခဲ့ရပြီလေ။
ဒီ့အရင်က စီးခုံးနန်ဟာ သူ့ကို ခက်ထန်ရက်စက် ကြမ်းကြုတ်စွာနဲ့ပဲ သတ်ရန်ကြံစည်ခဲ့တာကို တွေးမိလိုက်တော့... ဝမ်လင်းဟာ ရုတ်တရက်ပဲ ထိတ်လန့်သွားခဲ့ပါတယ်။ ပြီးတာနဲ့ သူ့ရဲ့ခေါင်းကို မော့ပြီးတော့ ကြည့်လိုက်တဲ့ အခါမှာ... လက်ဝကျယ်ကျယ် အဖြူရောင် ဝတ်ရုံနဲ့ တာအိုအဝတ်အစားကို ဝတ်ဆင်ထားတဲ့ တာအိုဆရာငယ်လေး တစ်ယောက်ကသူ့ကို အပြုံးလေးနဲ့ ကြည့်နေခဲ့တာကို တွေ့ခဲ့ရတယ်လေ။
ဒီအဖြူရောင် ဝတ်ရုံနဲ့ တာအိုဆရာငယ်လေးရဲ့ ဦးခေါင်းထက်မှာ... ရွှေရောင်ဗုဒ္ဓ အလင်းတန်း တိမ်တိုက်ကြီးဟာ တောက်ပစွာနဲ့ လင်းလက်လို့ နေခဲ့ပြီး... သူ့ရဲ့ ခြေထောက်အောက်မှာတော့ ငရဲကမ္ဘာမြစ်ကြီးဟာ အဆုံးမရှိပဲ စီးဆင်းလို့ နေခဲ့ပါတယ်။ သူ့ရဲ့ ဆရာသခင် သူတော်စင်ပုံစံ အရှေ့မှာ ဝမ်လင်းဟာ သူ့ကိုယ်သူ ယုံနိုင်ဖွယ် မရှိလောက်အောင် သေးသိမ်နေခဲ့တယ်လို့ ခံစားနေခဲ့ရပါပြီ။အခု ကြည့်ရတာက... စီးခုံးနန်ဟာ သုတ်သင်ဖယ်ရှားခြင်းကို ခံလိုက်ရပြီး... သူဟာ ကယ်တင်ခြင်းကို ခံခဲ့ရပြီလေ။
ဝမ်လင်းက အလောတကြီးနဲ့ပဲ ပြောလိုက်ပါပြီ... "အား... ကျွန်တော်က အရင်တုံးက ရိုင်းစိုင်းခဲ့ပြီး... အရှင့်ရဲ့ ကြင်နာမှုတွေကို သစ္စာဖောက်မိခဲ့ပါတယ်။ အခုတော့ အရှင့်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရတော့... ကျွန်တော့်မှာက တကယ်ကိုပဲ အရှက်ရမိပါတယ်ဗျာ..."
လင်းဖုန်းရဲ့ အတွေးကတော့ : "ဟ... ဟုတ်တာပေါ့... မှန်လိုက်လေ..." ဒါပေမဲ့ အပြင်ပန်းမှာတော့... သူက ဖွဖွလေးပဲ ပြုံးလိုက်ကာ... "အင်း... မင်းကလေးက အန္တရာယ်ကင်းမယ် ဆိုရင်တော့ ပြီးတာပါပဲ။ ဒီလိုမျိုး ကိစ္စသေးသေးလေးကတော့ ဘာမှမဟုတ်ပဲ... ငါ့ရဲ့ လက်ချောင်းလေး တစ်ချောင်းကို မလိုက်ရရုံပါပဲကွာ..."
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...