အပိုင်း ၅၆ : ရုတ်တရက် အံ့အားသင့်ရခြင်း

734 89 0
                                    

အပိုင်း ၅၆ : ရုတ်တရက် အံ့အားသင့်ရခြင်း

လင်းဖုန်းဟာ ဟန်တောင်ပေါ်ကို အပြေးလေး တက်သွားခဲ့ပါတယ်… ဒါပေမဲ့လဲ ကံမကောင်းလှစွာနဲ့ပဲ သူဟာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပါပြီ။ တပည့်သစ်တွေ အားလုံးဟာ တပည့်လက်ခံပွဲ အခမ်းအနားမှာ ရောက်နေခဲ့ကြပြီလေ။

စနစ်ကြီးရဲ့ အကြောင်းကြားချက်ကလဲ ထွက်ပေါ်လာခဲ့ပါပြီ… "ပစ်မှတ်ကို ရှာဖွေတွေ့ရှိပါပြီ။ သင့်ရဲ့ တိုက်ရိုက်တပည့်ဖြစ်ရန် သင့်တော်ပါတယ်…"

လင်းဖုန်းဟာ လူအုပ်ကြီးထဲကို အသေအချာ ကြည့်ရှုလိုက်ပြီး… စနစ်ကြီး ပြောတဲ့သူဟာ လူအုပ်ကြီးရဲ့ အနောက်က လူငယ်တစ်ယောက် ဆိုတာကို အတည်ပြု လိုက်ပါတယ်။

ဒီလူငယ်ရဲ့ ပုံစံဟာ ပိန်ပိန်သေးသေးလေးပါ။ သူ့ရဲ့ နှုတ်ခမ်းတွေကို တင်းကျပ်စွာ စေ့ထားပြီး… သူ့ရဲ့ဘေးက တခြားတပည့်တွေ အကုန်လုံးဟာလဲ သူ့ကို အထင်သေးတဲ့ အမူအရာတွေနဲ့ ကြည့်နေကြတယ်လေ။

စနစ်ကြီးရဲ့ အကြောင်းကြားချက်တွေဟာ လင်းဖုန်းရဲ့ နားထဲမှာ အဆက်မပြတ်ပဲ အော်မြည်လို့ နေခဲ့ပါပြီ။

"ပင်ကိုစွမ်းရည် စနစ်ဟာ အချက်အလက်များကို စုစည်းလို့ ပြီးပါပြီ… ပစ်မှတ် အမှတ်ငါး၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်…"

"အရိုးအရင်းမြစ် -> ၅… သဘောပေါက် နားလည်နိုင်စွမ်း -> ၁၀… စိတ်စွမ်းအား -> ၁၀… ကောင်းချီးမင်္ဂလာ -> ၈…"

"သုံးသပ်ချက် : ပစ်မှတ်ဟာ မွေးရာပါ ပင်ကိုစွမ်းရည် မရှိပေမယ့်… အလွန်ကို ကြီးမားတဲ့ အလားအလာကောင်းတွေ ရှိပါတယ်… သူ့ကို တပည့်အဖြစ် သိမ်းသွင်းဖို့ကို ထောက်ခံပါတယ်… သေသေချာချာ လမ်းညွှန်မှုကိုပေးပါ… ဂိုဏ်းရဲ့ထောက်တိုင် သေချာပေါက် ဖြစ်လာပါလိမ့်မယ်…"

လင်းဖုန်းကလဲ ကြက်သေသေ သွားခဲ့ပြီလေ။

သူကဘာကို တွေ့လိုက်ရတာလဲ? သူက တကယ်ကိုပဲ အမှတ်ပြည့်နှစ်ခုကို တွေ့လိုက်ရတာပါ။ ဒီချာတိတ်လေးရဲ့ အချက်အလက် ကိန်းဂဏန်း လေးခုထဲမှာ နှစ်ခုဟာ တကယ်ကိုပဲ အမှတ်ပြည့် ၁၀ ရနေခဲ့တာလေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now