အပိုင်း ၉၇ : ငါ့ကို ယုံကြည်တဲ့ သူတွေကို… ငါက စိတ်မပျက်စေဘူးကွ
"အင်း… ကျုပ်ကို နှိုင်းယှဉ်ကြည့်လိုရအောင် ခင်ဗျားရဲ့ တာအိုနည်းစနစ်တွေကို ပြကြည့်ပါလားဗျ…"
လင်းဖုန်းရဲ့ စကားကို ကြားလိုက်ရတော့… ခန်းနန်ဟွာဟာ ရုတ်တရက်ပဲ ကြက်သေသေသွားခဲ့ပါတယ်။
ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက အဖွဲ့ဝင် တစ်ယောက်ကလည်း အောင့်မထားနိုင်တော့ပဲ… "ဟေ့လူ… ခင်ဗျားက ကျုပ်တို့ကို အမြတ်လာပြီးတော့ ထုတ်နေတာလားဗျ?"
ယွဲ့ဟုန်ယန်ကလည်း သူမရဲ့ မျက်မှောက်ကို တင်းကျပ်စွာ ကြုတ်ခဲ့လိုက်ပေမယ့်… ဘာမှမပြောခဲ့စဉ်မှာ အနက်ရောင် ဝတ်စုံနဲ့လူက ပြင်းပြင်းထန်ထန်ပဲ… "ဟေ့… မင်းက တကယ်ပဲ မှတ်တမ်း အပြည့်အစုံကို မြင်ဖူးတယ်ဆိုရင်… မစ္စတာခန်းကို ရွတ်ပြလိုက်လေ… ဒါက အတူတူပဲ မဟုတ်ဘူးလား?"
လင်းဖုန်းကတော့ သူတို့ကို လျစ်လျှူရှုထားခဲ့ပြီး… ခန်းနန်ဟွာကိုသာ တိတ်တဆိတ်ပဲ ကြည့်နေခဲ့တယ်လေ။
ခန်းနန်ဟွာကလည်း သူ့ကို လေးနက်စွာနဲ့ အချိန်ခဏကြာအောင် အကဲခတ်နေလိုက်ပြီး… အချိန်အကြာကြီးနေမှ သူဟာ ဘာကိုမှ မပြောခဲ့ပဲ… ကျောက်စိမ်းပြားလေး တစ်ချပ်ဟာ သူ့ရဲ့ အင်္ကျီလက်စထဲကနေ ထွက်လာခဲ့ပြီး… လင်းဖုန်းရဲ့ လက်ထဲကို တိုက်ရိုက်ကျလာခဲ့ပါပြီ။
ဒီကျောက်စိမ်းပြားလေးကို ပေးလိုက်ပြီးတဲ့နောက်မှာ… ခန်းနန်ဟွာဟာ သူ့ရဲ့ အာရုံတွေ အားလုံးကို ဂင်္ဂါသဲနှုန်းဝင်္ကပါရဲ့ အပေါ်မှာ စူးစိုက်ထားလိုက်ပြီး… ရှန်းဝူ အင်မော်တယ် သတ်ဖြတ်ခြင်း ဝင်္ကပါရဲ့ ဖိအားတွေကို အားတင်းပြီးမှ ခုခံနေခဲ့ပါတယ်။
လင်းဖုန်းကလည်း ကျောက်စိမ်းပြားလေးကို ဆုပ်ကိုင်လိုက်ပြီး… သူ့ရဲ့စိတ်ကို အထဲကို ထည့်သွင်းလိုက်ရာ ရှည်လျားလှတဲ့ တာအိုနည်းစနစ် ဖော်မြူလာ တစ်ခုဟာ သူ့ရဲ့စိတ်အထဲကို စုပြုံပြီးမှ ဝင်လာခဲ့တယ်လေ။ ဒါကတော့ ခန်းနန်ဟွာ လေ့ကျင့်ထားတဲ့ သဲနှုန်းတာအို နည်းစနစ်ရဲ့ လျှို့ဝှက်မှတ်တမ်းပဲ ဖြစ်ပါတော့တယ်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...