အပိုင်း ၂၂ : စနစ်ရဲ့ ကိရိယာအသစ်

1K 104 1
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၂ : အပိုင်း ၂

အပိုင်း ၂၂ : စနစ်ရဲ့ ကိရိယာအသစ်

အကြီးအကဲလီရဲ့ ပြင်းထန်လှတဲ့ တိုက်စစ်ကို ရင်ဆိုင်ဖို့အတွက်... လင်းဖုန်းဟာ ပါးစပ်ဟပြီး အသက်ကို ဝဝရှူလိုက်ပါတယ်... ကြောက်ရွံ့စိတ် အနည်းငယ်မှ ရှိလို့မနေခဲ့ပါဘူး။

ဆုံးဖြတ်ချက်ကို ချထားပြီးပြီပဲ... ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူးလေ။

လင်းဖုန်းဟာ ကောင်းကင်လှောင်အိမ် မှော်အင်းကွက်ကို စစ်ဆေးနေတဲ့ သူ့ရဲ့မှော်စွမ်းအင်ကို ပြန်လည်ပြီးတော့ ရုပ်သိမ်းလိုက်ပါပြီ။ ရင်ဆိုင်ရမယ် ဆိုပေမယ့် တုံးတိုက်တိုက် ကျားကိုက်ကိုက်တော့ ထိပ်တိုက်ရင်ဆိုင်မှာ မဟုတ်ပါဘူး... သုံးလို့ရနိုင်သမျှ အကွက်အားလုံးကို သုံးရမှာပါ။ သူ့မှာက အကြံတစ်ခု ရှိပြီးသားပါ... ဒါကတော့ ဒီကြေမွပျက်စီးပြီးသား ဖြစ်နေတဲ့ ကောင်းကင်လှောင်အိမ် မှော်အင်းကွက်ကို ဖျက်ဆီးလိုက်ပြီး ဟိုတောက်တီရဲ့ လက်ကျန် စိတ်ဝိညာဉ်ကို လွှတ်လိုက်ဖို့ပါပဲ။

ယန့်မင်းရွဲ့က ဘာဆက်လုပ်မယ် ဆိုတာကိုလဲ ခန့်မှန်းရခက်ပါတယ်။ သူတစ်ယောက်ထဲနဲ့ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူကို ရင်ဆိုင်ရတော့... လင်းဖုန်းရဲ့ ရွေးချယ်စရာဟာ ရေတွေကို နောက်သွားအောင် လုပ်ရုံပဲ ရှိခဲ့တာပါ။ ဒီလိုမျိုး ဖရိုဖရဲ ကမောက်ကမ အခြေအနေတွေ အောက်မှာမှ  အန္တရာယ် နည်းနည်းနဲ့ ဒုက္ခရောက်နေတဲ့ ရေအောက်ကငါးကို မျှားလို့ရမှာပါ။

လင်းဖုန်းဟာ ကောင်းကင်လှောင်အိမ် မှော်အင်းကွက်ဆီက မှော်စွမ်းအင်တွေကို ပြန်ယူလိုက်တဲ့ အချိန်မှာပဲ... မကြားရတာ ကြာပြီဖြစ်တဲ့ စနစ်ကြီးရဲ့ အကြောင်းကြားချက်ဟာ လင်းဖုန်းရဲ့ ခေါင်းထဲမှာ ပေါ်လို့လာခဲ့ပါတယ်။

"သင်ဟာ မိမိဘာသာ ခွဲခြမ်းစိတ်ဖြာခြင်းကို ကျရှုံးသွားပါပြီ... သင်က စနစ်ရဲ့ကိရိယာ... စွမ်းရည်စိစစ်ခြင်းကို စတင်လိုပါသလား?"

လင်းဖုန်းကလဲ မသိစိတ်ထဲကနေ "လုပ်မယ်" ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ပါတယ်... စနစ်ကြီးကလဲ ချက်ချင်းပဲ တုံ့ပြန်ခဲ့ပါပြီ... "စနစ်ကိရိယာ စွမ်းရည်စိစစ်ခြင်း စတင်လည်ပတ်ပါပြီ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Tempat cerita menjadi hidup. Temukan sekarang