အပိုင်း ၈၁ : မင်းတို့လေးတွေကို စာမေးပွဲစစ်မယ်

782 90 2
                                    

အပိုင်း ၈၁ : မင်းတို့လေးတွေကို စာမေးပွဲစစ်မယ်

လင်းဖုန်းဟာ သူ့ရဲ့အရှေ့က ဆေးမီးဖိုလေးကို အနီးကပ် သေချာစွာ စစ်ဆေးကြည့်ရှုလို့ နေခဲ့ပါတယ်။ သုံးပေခန့်ရှိပြီး… ချွန်နေတဲ့ ထိပ်ဖျားမျိုးရှိကာ… လုံးဝကို မည်းနက်နေခဲ့ပြီး ထူးဆန်းတဲ့ ပုံစံတွေဟာ သူ့ရဲ့ ကိုယ်ထည်အပေါ်မှာ ထွင်းထုထားတာကို မှိန်မှိန်ကလေးပဲ တွေ့နေခဲ့ရတယ်လေ။

လင်းဖုန်းက သူ့ရဲ့ မှော်စွမ်းအင်တွေကို ထည့်သွင်းကြည့်လိုက်ပါပြီ။ ဒီဆေးမီးဖိုလေးကတော့ ဘာတုံ့ပြန်မှုမျိုးမှ မရှိခဲ့ပါဘူး။ သူက ဆေးအမယ် တချို့ကို ထည့်သွင်းကြည့်လိုက်တော့လည်း… ဘာလှုပ်ရှားမှုမျိုးမှ မရှိခဲ့ဘူးလေ။

"အင်း… ဒါက တကယ်ကို ထူးခြားဆန်းကြယ်တာပဲ…" လင်းဖုန်းကလည်း သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပါပြီ။ ဒီဆေးမီးဖိုလေးဟာ အလွန်ကိုပဲ အိုမင်းနေပြီး… အသုံးပြုခြင်းကို မခံခဲ့ရတာဟာ အကြာကြီး ရှိနေပြီဖြစ်တဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရတာဟာ အံဩစရာ မကောင်းခဲ့ပါဘူး။ သူ့ကို ကြည့်ရတာဟာ စိတ်ဝိညာဉ် စွမ်းအင်တွေ တစ်စက်မှ မရှိတဲ့ အမှိုက်အပိုင်းအစ တစ်ခုနဲ့ပဲ တူနေခဲ့ပါတယ်။

ဒါပေမဲ့လည်း လင်းဖုန်းဟာ ဇူရီလေးရဲ့ ကောင်းချီးမင်္ဂလာကို အနည်းငယ်မှ သံသယ မဝင်ခဲ့ပါဘူး။ သူက စနစ်ကြီးရဲ့ အထဲကိုဝင်လိုက်ပြီး… ပစ္စည်းစာရင်းကို ဖွင့်ကြည့်လိုက်ကာ အိုင်တမ်တစ်ခုချင်းစီကို စိတ်ရှည်လက်ရှည်နဲ့ စစ်ကြည့်နေခဲ့ပါပြီ။

ဒီဆေးမီးဖိုရဲ့ အပေါ်က ထူးဆန်းတဲ့ ပုံစံတွေကို အရေးကြီးတဲ့ ပုံစံအမှတ် အနေနဲ့ အသုံးချပြီးတော့ ရှာနိုင်တယ်လေ။

ကြိုးစားမှုရှိရင် အသီးအပွင့်ကတော့ ရှိရစမြဲပါ။ လင်းဖုန်းဟာ ပစ္စည်းစာရင်းရဲ့ အောက်ဆုံးနားမှာ ဆေးမီးဖိုတစ်ခုကို တွေ့လိုက်ရပါပြီ… သူ့ရဲ့ ဝိသေသ လက္ခဏာတွေဟာ သူ့ရဲ့လက်ထဲက ဆေးမီးဖိုလေးနဲ့… အလွန်အမင်းကိုမှပဲ ဆင်တူလို့ နေခဲ့ပါတယ်။

ကောင်းကင်နှလုံးသား မီးတောက် ဆေးမီးဖို… ကောင်းကင်ဘုံက ဥက္ကာခဲ သံမဏိနဲ့ ပြုလုပ်ထားတာပဲ ဖြစ်တယ်လေ။ သူကနေပြီး သူ့ရဲ့ကိုယ်ပိုင် နှလုံးသားမီးတောက်ကို ဖန်တီးနိုင်ပြီးတော့… နောက်ထပ် အားကောင်းတဲ့ မီးတောက်စွမ်းအင် တစ်ခုအနေနဲ့… ဆေးဖော်စပ်ခြင်းရဲ့ အောင်မြင်မှုနှုန်းကို တိုးစေနိုင်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Tempat cerita menjadi hidup. Temukan sekarang