အပိုင်း ၁၁၃ : အောင်မြင်စွာ ပြီးဆုံးခြင်း

1K 76 0
                                    

အပိုင်း ၁၁၃ : အောင်မြင်စွာ ပြီးဆုံးခြင်း

လင်းဖုန်းဟာ ဇူရီကို တောင်ပေါ်မှာ အဆုံးအမ ပေးနေတဲ့ အချိန်အတောအတွင်းမှာ… ရှောင်ယန်နဲ့ ရှောင်ပုတန်လေးတို့ကလည်း တောင်အောက်မှာ ရင်ဆိုင်ဖို့အသင့် ဖြစ်နေကြပါပြီ။

ရှောင်ယန်က ရှောင်ပုတန်လေးကို ကြည့်ကာပြုံးလိုက်ရင်း… "ဟဲဟဲ… ဂျူနီယာလေး… ငါတို့နှစ်ယောက် စလုံးဟာ တဲ့တိုးသမားတွေပဲဆိုတော့… အဖြေကို တစ်ကွက်ထဲနဲ့ပဲ ထုတ်ကြစို့လား?" ရှောင်ပုတန်လေးကလည်း တစ်ခစ်ခစ် ရယ်လိုက်ပြီး… "ကောင်းတာပေါ့ဗျ…"

သူ့ရဲ့စကား မဆုံးခင်မှာပဲ… သူ့ရဲ့ နှင်းဆီရောင် လက်သေးသေးလေးကို လေပေါ်မှာ မြောက်လိုက်ပါတယ်။ သူ့ရဲ့ဘယ်ဘက်လက်မှာ အခုဆိုရင် လေပြင်းတွေ တဝီဝီ အော်မြည်ကာ ဝိုင်းရံနေတဲ့… လျှပ်စီးဓားရှည် တစ်ချောင်းကို ကိုင်စွဲထားခဲ့ပါပြီ။ သူ့ရဲ့ညာဘက်လက်မှာကတော့ ပြင်းထန်တဲ့ လျှပ်စစ်စီးကြောင်းတွေနဲ့ ဝေ့ဝိုက်နေတဲ့… လေဆင်နှာမောင်း ဓားသွားပါ။

"ကဲ… အစ်ကိုကြီး သတိသာ ထားပေတော့!" ရှောင်ပုတန်လေးဟာ သူ့ရဲ့လက်နှစ်ဘက်ကို ပူးကပ်လိုက်ပြီး… လေပြင်းနဲ့ လျှပ်စီး ဓားသွားတွေကို စုစည်းလိုက်ပါပြီ။ လက်နက်နှစ်ခု စလုံးကနေ ထုတ်လွှတ်နေတဲ့ စွမ်းအားတွေဟာ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နဲ့… ရှောင်ပုတန်လေးရဲ့ ခေါင်းပေါ်မှာ ဧရာမ ဝဲကတော့ မုန်တိုင်းကြီး အဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ်။ ဒီဝဲကတော့ စက်ဝိုင်းထဲမှာ… လေပြင်းနဲ့ လျှပ်စီးတွေဟာ နီးကပ်စွာနဲ့ ယှက်လိမ်ပြီးမှ နေကြပေမယ့်… သူတို့နှစ်မျိုးဟာ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းတွေလိုမျိုး သိသာစွာ ခွဲခြားပြီးမှ နေခဲ့တယ်လေ။

"ဟေ့… ညစ်ပတ်တဲ့ ကောင်စုတ်လေး… စကားတောင် မဆုံးသေးပဲနဲ့ မင်းရဲ့စွမ်းအားတွေကို ထုတ်လိုက်ပြီဆိုတော့… ဈေးပေါလွန်းရာ မကျဘူးလား?" ရှောင်ယန်က ခနဲ့လိုက်ရင်း… သူ့ရဲ့အပေါ်က လေထုကို လက်သီးနဲ့တစ်ချက် ထိုးလိုက်ကာ… အရေအတွက်သုံးခု အင်းရှစ်ကွက် ဖြိုခွဲခြင်း နည်းစနစ်ကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီနည်းစနစ်ရဲ့ ဖျက်ဆီးနိုင်မှု စွမ်းအားရဲ့အောက်မှာ ဒေါသထွက်နေတဲ့ မုန်တိုင်းဟာ… တဖြေးဖြေးနဲ့ အားနည်းပျက်ပြယ်ပြီးမှ သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း… နောက်ထပ် လေပြင်းနဲ့ လျှပ်စီးလှိုင်းလုံးတွေဟာ ထပ်မံပေါက်ကွဲ လာခဲ့ကာ… ရှောင်ယန်ဆီကို တဟုန်ထိုး ဝင်ရောက်လာကြပြီး… ထပ်မံဖျက်ဆီးခြင်းကိုပဲ ခံခဲ့ရတယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now