အပိုင်း ၂၈ : စီနီယာ နဲ့ ဂျူနီယာ

1K 113 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၂ : အပိုင်း ၈

အပိုင်း ၂၈ : စီနီယာ နဲ့ ဂျူနီယာ

ညင်သာတဲ့ လေပြည်လေညှင်း တဖြူးဖြူးရဲ့အောက်မှာ ယန့်မင်းရွဲ့ရဲ့ အစိမ်းရောင် ဝတ်စုံရှည်လေးဟာ လေထဲမှာ လွင့်မျောလို့ နေခဲ့ပါတယ်... မိုးပေါ်က နတ်သမီးလေး တစ်ပါးဟာ လူ့ပြည်ကို နတ်သက်ကြွေလာခဲ့တဲ့ အတိုင်းပါပဲ... ဒီကမ္ဘာကြီးနဲ့ သီးခြားဖြစ်ကာ နေခဲ့တယ်လေ။

သူမဟာ ပေါ့ပေါ့ပါးပါးနဲ့ပဲ ရယ်မောကာ ပြောလိုက်ပါတယ်... "ဟင်းဟင်း... တာအိုရောင်းရင်းလင်း... ရှင့်ကြည့်ရတာ ပျော်စရာဖြစ်ရပ်လေးနဲ့ ကြုံခဲ့ရပုံ ပေါက်နေပါလား?"

လင်းဖုန်းကလဲ အသာအယာပဲ ရယ်လိုက်တယ်လေ... သူ့ရဲ့အကြည့်တွေကို ရှောင်ယန်လေး အနားကို ဝဲကြည့်လိုက်ပါပြီ။ ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ ပြန်ပြောလိုက်ပြီလေ... "ဟဲဟဲ... ဒီလိုမျိုး အံ့အားသင့်ဖွယ် တပည့်လေးကို ရလိုက်တာဟာ ပျော်ရွှင်စရာ ကိစ္စပဲ မဟုတ်ဘူးလားဗျာ..."

ယန့်မင်းရွဲ့ဟာ ယဲ့ယဲ့လေးသာ ပြုံးလိုက်ပြီး ဘာကိုမှ ပြန်မပြောခဲ့ပါဘူး။

အနီရောင်ကြာပန်း ချိုးဖောက်ခြင်း စွမ်းရည်ကို ပျော်မွေ့စွာ လေ့လာနေခဲ့တဲ့ ရှောင်ယန်လေးဟာလည်း ဒီအချိန်မှာ သတိပြန်ဝင်ကာ လာခဲ့ပြီလေ... သူ့ရဲ့ အကြည့်တွေဟာလည်း စိတ်အားထက်သန်စွာနဲ့ လင်းဖုန်းရဲ့ အပေါ်ကို ကျရောက်လို့ လာခဲ့ပါပြီ။

လင်းဖုန်းကလဲ ခေါင်းကို တဆတ်ဆတ်နဲ့ပဲ ညိတ်လိုက်ပါတယ်... တဖြေးဖြေးနဲ့ သူ့ရဲ့အပြုံးတွေကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာနဲ့ ပြောလိုက်ပါပြီ... "အင်း... ဒီသုံးနှစ်အတွင်းမှာ မင်းရဲ့ အဆင့်တွေဟာ တစက်မှ တိုးတက် မလာခဲ့ပေမယ့်... မင်းက လုံးဝကို အရှုံးမပေးပဲနဲ့ မရပ်မနား ဆက်လက်ပြီးတော့ ကြိုးစားခဲ့တယ်။ ဒါဟာ အမတန်မှ ကောင်းမွန်ပြီးတော့ တွေ့ဖို့ကို အလွန်ကိုမှပဲ ခဲယဉ်းလှတယ်ကွာ..."

ဇာတ်လိုက်အဆင့် ဇာတ်ကောင်မျိုး ဖြစ်ဖို့ဆိုရင် သူ့ဆီမှာက ထူးခြားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ထားမှာပါပဲ... ရှောင်ယန်လေးရဲ့ စိတ်စွမ်းအား အဆင့် ၉ ဆိုတာက ဟာသတစ်ခု မဟုတ်ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Onde histórias criam vida. Descubra agora