အပိုင်း ၃၆ : ခက်ထန်သောဘုန်းကြီး... ၂၄ ကောင်းကင် ရဟန္တာဝင်္ကပါ

1K 97 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၃ : အပိုင်း ၆

အပိုင်း ၃၆ : ခက်ထန်သောဘုန်းကြီး… ၂၄ ကောင်းကင် ရဟန္တာဝင်္ကပါ

လင်းဖုန်းဟာ အနီးကပ် သေချာစွာ စိုက်ကြည့်လိုက်ပါတယ်… ဟွေကုရဲ့ လေထဲကို ပစ်လွတ်လိုက်တဲ့ အလင်းတန်း ၂၄တန်းဟာ တကယ်တော့ အညိုရောင် ပုတီးလုံးတွေ ဖြစ်တယ်ဆိုတာကို တွေ့ရှိလိုက်ရတယ်လေ။ သူတို့ တစ်ခုချင်းဆီဟာ သစ်ကြားသီးတစ်လုံး အရွယ်လောက် ကြီးမားပြီး… တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေကို ထုတ်လွှင့်နေကြပါပြီ။

လင်ဖုန်းက သူ့ရဲ့နှာခေါင်းကို တရှုံ့ရှုံ့နဲ့ လုပ်လိုက်ပါတယ်… စန္ဒကူးရနံ့ သင်းသင်းလေးကို ရလိုက်ပါပြီ။ လေထဲက ပုတီးလုံး ၂၄လုံးတို့ အားလုံးဟာ တည်ငြိမ်အေးချမ်းပြီး ခန်းနားထည်ဝါတဲ့ အော်ရာတွေကို ထုတ်လွှတ်နေကြတယ်လေ။

ဒီပုတီးလုံး ၂၄လုံး ကိုကြည့်လိုက်ပြီးတော့ လင်းဖုန်းဟာ အသိဉာဏ်အလင်း ပွင့်သွားတဲ့ ရဟန်း၂၄ပါးကို တွေ့နေရတယ်လို့ ခံစားနေရပါတယ်။

ဟွေကုကို ဝိုင်းရံထားတဲ့ အခြေခံ အုတ်မြစ်အဆင့် ကျင့်ကြံသူ သုံးယောက်ရဲ့ အမူအရာကလဲ အနည်းငယ် ပြောင်းလဲသွားခဲ့ပါပြီ။ ဝတ်ရုံဖြူနဲ့ သက်လတ်ပိုင်း လူကြီးက ဟွေကုကို အံအားသင့်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်… "ဟာ… ဓာတ်တော်တွေ… အဲ့ဒါက ဓာတ်တော်တွေပဲ! မင်းမှာက ဓာတ်တော်တွေ ၂၄ခုတောင်မှ ရှိတယ်ဟုတ်လား… မင်းက မင်းတို့ကျောင်းတော်က အကြီးအကဲတွေရဲ့ ဓာတ်တော်တွေကို မှော်အိုင်တမ်တွေအဖြစ်ကို သန့်စင်လိုက်တာလား?"

ဒီစကားကို ကြားလိုက်ရတော့ မစ္စတာလင်းတနဲ့ ဝတ်ရုံနက် ဓားသမားတို့ရဲ့ အမူအယာတွေဟာ မှုန်မှိုင်းလို့ သွားခဲ့ပြီလေ။ ဝတ်ရုံနက် ဓားသမားဟာ သူ့ရဲ့ပါးစပ်ကို ပထမဆုံးဦးဆုံး အကြိမ်အဖြစ် ဟလိုက်ပါပြီ… "ဟာ… မင်းက သစ္စာဖောက်တဲ့ ဘုန်းကြီးစုတ်ပဲ!"

ဓာတ်တော် ၂၄ပါးဟာ ကောင်းကင်ရဲ့ အပေါ်ကို ပျံတက်သွားတဲ့ ဖြစ်စဉ်မှာ… ဟွေကုရဲ့ မျက်လုံးတွေ အထဲမှာ နာကျင်ခြင်းနဲ့ နောင်တရခြင်းတွေဟာ  ခဏတာ ဖျတ်ကနဲ လက်သွားခဲ့ပါတယ်… ဒါပေမယ့်လည်း ပြီးတာနဲ့ သူတို့ဟာ အဆုံးမဲ့ ဒေါသတွေ… ရန်ငြိုးတွေနဲ့ ပြည့်နှက်လို့ သွားခဲ့တယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now