အပိုင်း ၇၃ : ဆရာက အိမ်မှာ မရှိဘူး : ရန်သူတွေရဲ့ ပတ်လည်ဝိုင်းထားတာကို ခံနေရပြီ

752 82 1
                                    

အပိုင်း ၇၃ : ဆရာက အိမ်မှာ မရှိဘူး : ရန်သူတွေရဲ့ ပတ်လည်ဝိုင်းထားတာကို ခံနေရပြီ

သူ့ရဲ့ အနောက်မှာ ရှိနေတဲ့ ရွှမ်ကျိအမတ် ဂေဟာက ကျင့်ကြံသူတွေဟာ သူတို့တတွေကို ပိတ်ဆို့ပြီးတော့ ဝိုင်းရံနေကြတဲ့ အချိန်မှာ… ထောင်အော့ကတော့ မလှုပ်မယှက်ပဲ နေရာမှာတင် ရပ်နေခဲ့ပါတယ်။

ဇူရီနဲ့ သူ့ရဲ့ ဂိုဏ်းတူညီအစ်ကို နှစ်ယောက်တို့ဟာလည်း ရင်ဘောင်တန်းပြီးတော့ ရပ်နေကြပါပြီ။ ဇူရီက ကူရာမဲ့စွာနဲ့ပဲ ရယ်လိုက်ပြီလေ… "ဟင်း… ကြည့်ရတာတော့ ကျွန်တော်ကပဲ ကျန်တဲ့သူတွေကို ဒုက္ခ အရင်ပေးမိသလိုမျိုး ဖြစ်နေပြီနဲ့တူတယ်…"

ရှောင်ယန်နဲ့ ရှောင်ပုတန်လေးတို့ကလည်း ဂရုမထားပဲနဲ့ ရယ်လိုက်ကြတယ်လေ။

နေရာမှာတင် မလှုပ်ပဲနဲ့ ရပ်နေခဲ့တဲ့ ထောင်အော့ဟာ ရုတ်တရက်ပဲ သူ့ရဲ့ မျက်ခွံတွေကို ပင့်တင်လိုက်ပါပြီ။ သူ့ရဲ့ နဂိုက မှုန်မှိုင်းနေခဲ့တဲ့ မျက်လုံးအိုကြီးတွေဟာ စူးရှတောက်ပတဲ့ အလင်းတန်းတွေနဲ့ တောက်ပလို့ သွားခဲ့ပြီလေ။ "ဟာ… ဗုဒ္ဓဂိုဏ်းက အကြွင်းအကျန် တစ်ယောက်လား?"

ထောင်အော့ရဲ့ မျက်လုံးအစုံဟာ လျှပ်စီးလိုမျိုးပဲ… တောင်တန်းတွေရဲ့ အနက်ပိုင်းကို လှမ်းမျှော်ပြီးတော့ ကြည့်လိုက်ပါပြီ။

တောင်ကြားထဲကနေ… သူ့ရဲ့ ဦးခေါင်းအပေါ်မှာ ကောက်ရိုးဦးထုပ် တစ်ခုကို ဆောင်းထားတဲ့… မီးခိုးရောင် ဝတ်စုံနဲ့ လူတစ်ယောက်ဟာ ဖြေးဖြေးချင်းပဲ လမ်းလျှောက်ပြီးတော့ ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်ပြီး… သူရဲ့ ပြောင်လက်နေတဲ့ ကတုံးကို ဖော်ပြလိုက်ပြီလေ။ ဒါကို ကြည့်ပြီးမှ… ရှောင်ယန်နဲ့ အပေါင်းပါတို့ဟာ မှင်သက်သွားကြပါတော့တယ်။ ဒီလူဟာ ချုကျိုးမြို့ရဲ့ မြို့ရင်ပြင်မှာ သူတို့ကို ဟန့်တားခဲ့တဲ့ မီးခိုးရောင် ဝတ်စုံနဲ့ဘုန်းကြီး ဖြစ်နေခဲ့တယ်လေ။
ဒီမီးခိုးရောင် ဝတ်စုံနဲ့ ဘုန်းကြီးဟာ လက်အုပ်ချီလိုက်ပြီး… "အင်း… ကျုပ်ကတော့ မဟာမိုးကြိုး ကျောင်းတော်က ဟွေခုံးပဲ ဖြစ်ပါတယ်… မစ္စတာ ထောင်အော့ကို နှုတ်ခွန်းဆက်သပါတယ်…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Donde viven las historias. Descúbrelo ahora