ဂန္တဝင်ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၁၂
အပိုင်း ၁၂ : တပည့်လုသူနဲ့ ကြုံတွေ့ရခြင်း
ဝတ်ရုံနီ လူငယ်လေးဟာ အံ့ဩမယ် ဆိုရင်လည်း အံ့ဩလောက်ပါပေတယ်... သူရဲ့အရှေ့က ချာတိတ်လေးဟာ ဒီအရွယ်လေးနဲ့တောင် ချီသာဝက အဆင့် ၄ ကို ရောက်ရှိလို့ နေခဲ့တာလေ... သူ့ရဲ့ ဂိုဏ်းထဲမှာတောင်မှပဲ ဒီလိုပင်ကိုယ် အရည်အသွေးမျိုးကို မတွေ့ရသလောက်ပါ။
"အင်း... တကယ်လို့များ ငါက ဒီကောင်လေးကို ဂိုဏ်းထဲခေါ်သွားနိုင်လို့ ရှိရင်တော့ ဂိုဏ်းက အကြီးအကဲတွေ အကုန်လုံးဟာ အရူးအမူး ဖြစ်ကုန်ကြမှာပဲ... ဂိုဏ်းခေါင်းဆောင်တောင်မှပဲ လက်ပိုက်ပြီးတော့ ကြည့်နေနိုင်မှာ မဟုတ်ဘူးဟ... ဒီလိုဆိုရင်တော့ ငါဟာ ဂိုဏ်းရဲ့ အကျိုးဆောင်အမှတ်တွေ အများကြီး ရတော့မှာပဲ... ဟဲဟဲဟဲ..."
အတွေးလေးနဲ့တင် ဝတ်စုံနီလူငယ်ရဲ့ စိတ်ဟာ မြူးကြွလို့ လာခဲ့ပါပြီ... ရှောင်ပုတန်လေးကို စပ်ဖြဲစပ်ဖြဲနဲ့ စိုက်ကြည့်လိုက်ပြီလေ။ရှောင်ပုတန်လေးဟာ သူ့ကို သတိထားပြီးတော့ ကြည့်လိုက်ပါတယ်... ဒါပေမယ့်လည်း အပေါ်ယံမှာကတော့ အပြစ်ကင်းစင်ပြီး ရိုးသားတဲ့ မျက်နှာလေးနဲ့ပါ။
ဝတ်စုံနီလူငယ်က ပြုံးပြီးတော့ မေးလိုက်ပါတယ်... "ဟေ့... ချာတိတ်လေး... မင်းရဲ့ မိသားစုတွေကိုလဲ မတွေ့ပါလားဟ?"
ရှောင်ပုတန်လေးဟာ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးတော့ ပြန်ဖြေလိုက်ပါပြီ... "အာ... ကျွန်တော်က ဆရာသခင်နဲ့ လာတာပါခင်ဗျ…"ဝတ်ရုံနီလူငယ်ကလည်း ထပ်ပြီးတော့မှပဲ မေးလိုက်ပြန်တယ်..."ကဲ... မင်းလေးဟာ ဘယ်ဂိုဏ်းကလဲ? မင်းရဲ့ ဆရာကကော... ဘယ်သူများလဲကွာ?"
ရှောင်ပုတန်လေးကလဲ ခေါင်းကိုခါလိုက်ပါတယ်... "အာ... ကျွန်တော့်မှာက ဂိုဏ်းမရှိပါဘူး… ဆရာကတော့… ဆရာပဲပေါ့ဗျ…""ဟားဟားဟား… ငါကတော့ထီပေါက်ပြီကွ… ကြည့်ရတာတော့ သူ့ရဲ့ဆရာက ဂိုဏ်းကောင်းကောင်း ကန်းကန်းကနေ လာတဲ့ပုံမပေါ်ဘူး... သူ့ကြည့်ရတာ တစ်ကိုယ်တော် လေလွင့်နေတဲ့သူပဲ ဖြစ်လိမ့်မယ်ဟ…"
ဝတ်ရုံနီလူငယ်ဟာ လုံးဝကိုပဲ အေးအေးဆေးဆေး ဖြစ်သွားပါတော့တယ်။ သူ့ရဲ့မျက်နှာကလဲ မောက်မာတဲ့ မျက်နှာထားမျိုး ဖြစ်လာခဲ့ပါပြီ... လေသံကလဲ ပြောင်းလဲကာ လာခဲ့ပြီလေ။
DU LIEST GERADE
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Abenteuer✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...