အပိုင်း ၂၅ : ဒုတိယ! တတိယ?

1K 119 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၂ : အပိုင်း ၅

အပိုင်း ၂၅ : ဒုတိယ! တတိယ?

ရှောင်ယန်လေးဟာ ဆရာ-တပည့် ခံယူခြင်း အခမ်းအနားကို ပြုလုပ်ပြီးသွားတဲ့ အချိန်မှာ... သူ့ရဲ့နားထဲမှာ ပေါ်လာတဲ့ စနစ်ကြီးရဲ့ အကြောင်းကြားချက်ကို နားထောင်ပြီးတော့ လင်းဖုန်းရဲ့ တစ်ကိုယ်လုံးဟာလည်း ခြေကုန်လက်ပန်းကျလို့ နေခဲ့ပြီလေ။

"သင့်ရဲ့ ဒုတိယတပည့် ရှောင်ယန်ကို လက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါတယ်..."

"သင်ဟာ ကံစမ်းမဲနှိုက်ခွင့်တစ်ကြိမ် နဲ့ ကုန်သွယ်မှုအမှတ် ၅၀၀ ကို ဆုလဒ်အဖြစ် ရရှိပါတယ်..."

လင်းဖုန်းဟာ သူ့ရဲ့ အရှေ့က ရှောင်ယန်လေးကို ကြည့်လိုက်ပြီး... ရင်ထဲကနေပဲ သက်ပြင်းချလိုက်ပါတယ်... "အင်း... ဒီတစ်ခေါက်တော့ ငါက အသက်နဲ့ ရင်းပြီးတော့ကို စာရင်းရှင်းလိုက်ရတာပဲဟ..."

တပည့်စနစ်မှာတော့... ရှောင်ပုတန်လေးအပြင် ရှောင်ယန်ရဲ့ အချက်အလက်တွေကိုပါ ပေါင်းထည့်ပေးလိုက်ပါပြီ။

အမည် : ရှောင်ယန်

အသက် : ၁၅ နှစ် ၁ လ

လက်ရှိအဆင့် : ချီသာဝက အဆင့် ၁

ဖြစ်နိုင်သော ပင်ကိုအရည်အချင်း : အရိုးအရင်းမြစ် -> ၈... သဘောပေါက် နားလည်နိုင်စွမ်း -> ၉... စိတ်စွမ်းအား -> ၉... ကောင်းချီးမင်္ဂလာ -> ၈

မှတ်ချက် : အဂ္ဂိရတ်ပညာတွင် အထူး ပင်ကိုစွမ်းရည် ရှိသည်။

အကြံပြုထောက်ခံသော သင်ကြားမှု အစီအစဉ် : မီးအနွယ်ဝင် တာအိုနည်းစနစ်များကို သင်ကြားဖို့ ထောက်ခံပါတယ်... စွမ်းရည်တွေ အနေနဲ့ သိုင်းပညာအပေါ်မှာ အာရုံစိုက်ပြီး တိုးတက်အောင် လေ့ကျင့်ဖို့အတွက် ထောက်ခံပါတယ်... အမတန် ထူးကဲတဲ့ အလားအလာရှိတဲ့အတွက် သူ့ရဲ့ အဂ္ဂိရတ်အဆင့်ကို တိုးတက်အောင် လေ့ကျင့်ဖို့ ထောက်ခံပါတယ်။

သူဟာ ပင်ကိုအရည်အသွေး တစ်မျိုးမှာ အမှတ်ပြည့်ရထားတဲ့ ရှောင်ပုတန်လေးနဲ့ မတူပေမယ်... သူ့ရဲ့ သဘောပေါက် နားလည်နိုင်စွမ်းနဲ့ စိတ်စွမ်းအားတို့ဟာ တစ်ဆင့် ပိုပြီးတော့ မြင့်ပါတယ်။ သူ့ရဲ့ ပင်ကိုအရည်အသွေး လေးခုစလုံးဟာ အလွန်ကိုပဲ ထူးချွန်ပြောင်မြောက်ပြီးတော့ သူဟာ အဂ္ဂိရတ် ပညာမှာလဲ အပို ပင်ကိုစွမ်းရည် ရှိပါသေးတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Donde viven las historias. Descúbrelo ahora