ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၃ : အပိုင်း ၂
အပိုင်း ၃၂ : တပည့်ကို လိမ်ညာသော ဆရာသခင်
ဘုရားကျောင်းရဲ့ အပြင်ဖက်က ညလေပြေလေညှင်းထဲမှာ… လင်းဖုန်းရဲ့ အမူအရာတွေဟာ မရေမရာမှုတွေနဲ့ပါ။
ဒီခိစတိဂါဘ သျှတ္တရဟာ အေကာလာ ပညာရပ်နဲ့ ဇာစ်မြစ်အတူတူပါပဲ… သူတို့ နှစ်ခုစလုံးဟာ အတိတ်က မဟာမိုးကြိုး ကျောင်းတော်ရဲ့ လျှို့ဝှက်ဗုဒ္ဓဓမ္မတွေ ဖြစ်ကြတယ်လေ။
ခိစတိဂါဘ ဆိုတာက သဘောထားကြီးကာ သည်းခံနိုင်စွမ်းရှိပြီး… မြေကြီးကဲ့သို တည်ငြိမ်ကာ ကျမ်းစာလိုမျိုး နက်နဲပါတယ်။ (ခိစတိဂါဘဟာ အရှေ့အာရှက မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ တရုတ်ဗောဓိသဗ္ဗ… 地藏 … di zang… နဲ့တူပြီး 地 ဆိုတာ မြေကြီးလို့ အဓိပ္ပာယ်ရပြီး… 藏 ဆိုတာက ကျမ်းစာလို့ အဓိပ္ပာယ် ရပါတယ်။)
အေကာလာ ပညာရပ်ကို ကျင့်ကြံရင် ရလာမယ့် စွမ်းရည်ဟာ အမျက်ဒေါသ အေကာလာ မီးတောက်ဖြစ်ပြီး… ခိစတိဂါဘ သျှတ္တရကို အောင်မြင်စွာ ကျင့်ကြံနိုင်ရင်တော့ သူဟာ ဗုဒ္ဓကိုယ်ခန္ဓာ တစ်မျိုးဖြစ်တဲ့ ညက်ညောစွာ လှုပ်ရှားနိုင်တဲ့ ခိစတိဂါဘ ကိုယ်ခန္ဓာကို ရရှိမှာပဲ ဖြစ်ပါတယ်။ ဒီဗုဒ္ဓကိုယ်ခန္ဓာ ရှိနေသေးသရွေ့ သူဟာ အတိဒုက္ခတွေ အကုန်လုံးကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပြီးတော့ နိယာမ အားလုံးကိုလဲ ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ ဒါဟာ အမတန်ကိုမှပဲ ကျော်ကြားတဲ့ ဗုဒ္ဓကာကွယ်ခြင်း နည်းစနစ် တစ်မျိုးပဲ ဖြစ်ပါတော့တယ်။
ဇူရီလေး အခုရလိုက်တဲ့ တာအိုနည်းစနစ်ဟာ တကယ်တမ်း ဆိုရင်တော့ အေကာလာ ပညာရပ် အပြည့်အစုံနဲ့ အဆင့်အတန်း တူညီတဲ့ လျှို့ဝှက် ဗုဒ္ဓလမ်းစဉ်ပဲ ဖြစ်တယ်လေ။
စာအုပ်ဟောင်းလေး တစ်ခုထဲမှာ ဝှက်ထားတာကတော့… မဟာမိုးကြိုး ကျောင်းတော်ကြီး ကျဆုံးသွား အပြီးမှာ ထွက်ပြေးလွတ်မြောက် လာကြတဲ့ ဘုန်းတော်ကြီးတွေက ကံစပ်တဲ့သူတွေ ရရှိအောင်လို့ ဗုဒ္ဓရဲ့ တာအိုနည်းစနစ်တွေကို လက်ဆင့်ကမ်းလိုက်တာပဲ ဖြစ်ပါလိမ့်မယ်။
နောက်ဆုံးမှာတော့ ဘယ်သူကမှ ဒါကို မတွေ့ရှိခဲ့ဘူးလေ… ဒါပေမယ့်လည်း ကောင်းချီးမင်္ဂလာ အမှတ်၁၀ရှိတဲ့ ဇာတ်လိုက်မင်းသားအဆင့် ဇူရီလေးကတော့ သူဒီစာအုပ်ကိုရတဲ့ ပထမဦးဆုံးနေ့မှာတင်ကိုပဲ ရှာဖွေတွေ့ရှိလို့ သွားခဲ့ပါပြီ။
DU LIEST GERADE
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Abenteuer✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...