အပိုင်း ၂၀ : အံဩခြင်းပေါင်းများစွာ

1K 105 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၂၀

အပိုင်း ၂၀ : အံဩခြင်းပေါင်းများစွာ

လင်းဖုန်းကို ကြည့်နေရင်းနဲ့ ရှောင်ယန်လေးက ပါးစပ်ကိုဟပြီး မေးလိုက်ပါတယ်… "ဟာ… စီနီယာက ဒီလိုမေးတယ် ဆိုတော့… ခင်ဗျားက ကျွန်တော့်ကို သုံးနှစ်အပြီးမှာ မုယုံယန်ရန်ကို အနိုင်တိုက်နိုင်အောင် ကူညီပေးနိုင်မှာမို့လား?"

လင်းဖုန်းကလည်း အေးစက်စက်ပဲ ပြုံးလိုက်တယ်လေ… "ဒါပေါ့ကွ…. ငါ့မှာက နည်းလမ်းရှိတာပေါ့… ဒါပေမယ့်လည်း ရလဒ်တွေကတော့ မင်းကဘယ်လောက်အထိ စိတ်ဓာတ်ကြံ့ခိုင်သလဲ ဆိုတာနဲ့… မင်းက ဘယ်လောက်အထိ လုံ့လစိုက်ထုတ်နိုင်သလဲ ဆိုတဲ့အပေါ်မှာလဲ မူတည်နေတယ်ကွ…"

"ဆရာက တပည့်ကို သင်ရုံသာ သင်ပေးနိုင်တာပါ… သူတို့က ဘယ်လောက်အထိ လက်ခံနိုင်သလဲ ဆိုတာကတော့ သူတို့တတွေရဲ့ လုံ့လဝီရိယ အပေါ်မှာပဲ မူတည်နေပါတယ်။ ဘာပဲပြောပြော မျိုးစေ့မကောင်းတဲ့ သစ်ပင်ဟာ ကောင်းကောင်းကြီး ရှင်သန်ဖွင့်ဖြိုးဖို့ ဆိုတာက မဖြစ်နိုင်ဘူးလေ။

ရှောင်ယန်က သူ့ရဲ့မျက်ခုံးအစုံကို ပင့်လိုက်ပါပြီ… "စီနီယာရဲ့ မျက်လုံးထဲမှာ ကျွန်တော်ဟာ မျိုးစေ့မကောင်းတဲ့ အပင်လား… ဒါမှမဟုတ် စိန်ရိုင်းတုံးကြီးလား ဆိုတာကိုတော့ ကျွန်တော်က မသိဘူး… ဒါပေမယ့် ကျွန်တော်သိတာက ကျွန်တော့်ရဲ့ စိတ်ဓာတ်တွေကတော့ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူး… အကောင်းဆုံး ဖြစ်ဖို့ကိုပဲ ကြိုးစားသွားမှာပါ…"

ဝတ်ရုံနက် လူငယ်ရဲ့ အကြည့်တွေဟာ ဆုံးဖြတ်ချက်တွေနဲ့ ခိုင်မာလို့ နေခဲ့ပါတယ်… "အင်း… ဘယ်လောက်အထိ နာကျင်တာမျိုးပဲ ဖြစ်ဖြစ် ကျွန်တော်က သည်းခံနိုင်တယ်… ဘယ်လောက်အထိ ကြီးမားတဲ့ ဒုက္ခပဲဖြစ်ဖြစ် ကျွန်တော်က ရင်ဆိုင်ပြီးတော့ ကျော်လွှားသွားမယ်…"

လင်းဖုန်းက ကျေနပ်စွာနဲ့ ခေါင်းကိုညိတ်လိုက်ပြီလေ… "ကဲ… ဒီလိုဆိုရင်တော့ ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုတော့လေ… ဆရာကမင်းကို လက်ခံမှာပါကွ…"

"ဟင်… ကျွန်တော်က ခင်ဗျားကို ဆရာတော်ရမှာလား?" ရှောင်ယန်လေးဟာ အနည်းငယ် တွေဝေသွားခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Wo Geschichten leben. Entdecke jetzt