အပိုင်း ၅၃ : သူတို့တစ်ယောက်မှ အရူးမဟုတ်ဘူးဟ

753 81 0
                                    

အပိုင်း ၅၃ : သူတို့တစ်ယောက်မှ အရူးမဟုတ်ဘူးဟ

"ဟင်းဟင်း… မင်းက ဒီပစ္စည်းလေးကို မလိုအပ်ဘူး ဆိုတော့ကာ ငါကိုပဲ ပေးလိုက်ပါလား?"

လုံရဲ့ရဲ့ လေသံဟာ နူးညံ့ငြင်သာပြီး မြူချော့တဲ့ ပုံစံပေါက်နေပါတယ်… သူမချစ်သူရဲ့ နားအနားမှာ နှုတ်ခမ်းလေးကို စူပြီး… ချစ်စကားများကို တွတ်တီတွတ်တာ ပြောနေတဲ့အတိုင်းပါပဲ။

ဒါပေမယ့် သူမရဲ့ အသံကို ကြားလိုက်ရတော့… လင်းဖုန်းရဲ့ ကျောပြင်မှာ ချွေးအေးတွေနဲ့ စိုရွှဲနေပြီး… သူ့ရဲ့ ခြေလက်တွေဟာလဲ အေးစက်ကုန်ကြပါပြီ။

စကြားလိုက်ရစဉ်မှာပဲ သူဟာ သူမရဲ့အသံက သူ့ရဲ့ မြောက်ပိုင်း အရုဏ်ဦးဓား အထဲကနေ လာခဲ့တာကို ချက်ချင်းပဲ သိလိုက်တယ်လေ။

"အင်း… ဒီမိစ္ဆာမယ်လေး… သူမဟာ ငါ့ရဲ့ မှော်ကျိန်စာဓား အနားမှာ တစ်ချိန်လုံး တွယ်ကပ်နေခဲ့တာလား?" လွန်ခဲ့တဲ့ နှစ်ဝက်လောက် ကတည်းက သူမဟာ…"

မရေမတွက်နိုင်တဲ့ အတွေးများဟာ လင်းဖုန်းရဲ့ ရင်ထဲမှာ ဝင်ရောက်ကာ လာခဲ့ပါပြီ။ သူ့ရဲ့စိတ်ကို ကြိုးစားပြီး တည်ငြိမ်အောင် ထားလိုက်ကာ… ပါးစပ်ကို ဖြေးညှင်းစွာဟပြီးမှ ပြောလိုက်ပြီလေ… "ကဲ… နောက်ဆုံးမှာတော့ မင်းက အသံထွက်လာပြီပေါ့?"

သူ့ရဲ့စကားကို သူပြန်ကြားမိတော့မှ… လင်းဖုန်းဟာ သူ့ရဲ့အသံကတောင် အနည်းငယ် အက်ကွဲနေတယ် ဆိုတာကို သတိထားမိလိုက်ပါတယ်… ဒါပေမယ့်လည်း ဘာမှ အမှုမထားသလိုမျိုး သူ့ကိုယ်သူ တတ်နိုင်သလောက် ကြိုးစားပြီး ခပ်တည်တည်ပဲ နေခဲ့တယ်လေ… ဘာဖြစ်လို့လဲဆိုတော့ လုံရဲ့ဟာ သူ့ရဲ့မျက်စိအောက်မှာ တစ်ချိန်လုံး ပုန်းနေခဲ့တယ် ဆိုတာကို သိနေပြီးသား ဖြစ်လို့ပါပဲ။

လင်းဖုန်းရဲ့ စိတ်ကလေးဟာ မြောက်ပိုင်းအရုဏ်ဦးဓား အတွင်းကို ဝင်သွားခဲ့ပါပြီ။ အဖြူရောင် အလင်းတန်းလေး တစ်ခုဟာ လက်ကနဲ ဖြစ်သွားပြီး… လူသားပုံရိပ် တစ်ခုက လင်းဖုန်းရဲ့ စိတ်ထဲမှာ ချက်ချင်းပဲ ပေါ်လာခဲ့ပြီလေ။

ခြေဗလာရယ်.. ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အဝတ်အစားတွေရယ်.. နောက်ကျောဘက်မှာ လွင့်မျောနေသော ဆံနွယ်ရှည်တွေရယ်.. လူမဆန်အောင် ချောမောလှပလွန်းတဲ့ မျက်နှာလေးရယ်နဲ့ သူမဟာ လုံရဲ့ပဲ ဖြစ်ပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now