အပိုင်း ၁၀၅ : လောကနှစ်ပါး လေဟာနယ် မန္တန်

697 76 1
                                    

အပိုင်း ၁၀၅ : လောကနှစ်ပါး လေဟာနယ် မန္တန်

မြောက်မြားလှစွာသော အနက်ရောင် လေနီကြမ်းတွေဟာ ရှောင်ပုတန်လေးဆီကို အော်မြည်ကာ ဝင်လာကြပါပြီ။

ရှောင်ပုတန်လေးကတော့ မကြောက်ရုံတင် မကပဲ… သူ့ရဲ့မျက်နှာလေးမှာ အပြုံးတစ်ခုတောင် ပေါ်လာသေးကာ ကောင်းလုံကို… "ဟေ့… ဂျပုလေး… မင်းကနာတော့မယ်ကွ…"

ရုတ်တရက်ပဲ ထူးဆန်းတဲ့ လေဟာနယ် ပုံသဏ္ဌာန် ပြောင်းလဲခြင်း တစ်ခုဟာ ပေါ်လာခဲ့ပြီး… ရှောင်ပုတန်လေးရဲ့ အရှေ့ကို ရောက်လာခဲ့တဲ့ အနက်ရောင် လေနီကြမ်းတို့ဟာ ချက်ခြင်းပဲ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

လေထုကြီးကတော့ တည်ငြိမ်နေလို့ပါ… ခဏနေက ဟိန်းဟောက်နေခဲ့တဲ့ လေနီကြမ်းတို့ဟာ တစ်ခါကမှ မပေါ်လာဖူးခဲ့သလိုပါပဲ။

ကောင်းလုံရဲ့ မျက်လုံးအစုံဟာ ပြူးထွက်လာခဲ့ပြီး.. အံ့ဩလွန်းလို့ စကားတောင် မပြောနိုင်တော့ပါဘူး။

ဒီလေနီကြမ်းတွေဟာ တစ်စုံတစ်ယောက်က မှော်စွမ်းအင်ကို အသုံးပြုပြီးတော့ ပျက်ပြယ်စေခဲ့တာ မဟုတ်သလို… အခြားသော နည်းလမ်းတွေကို အသုံးပြုပြီးမှ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလေ… သူတို့ဟာ လေထုထဲမှာ ဒီအတိုင်းလေးပဲ ပျောက်ကွယ်လို့ သွားခဲ့တာပါ။

ကောင်းလုံဟာ သူနဲ့ သူရဲ့ လေနီကြမ်းတွေရဲ့ ဆက်သွယ်မှုကို အာရုံခံလို့ ရနေဆဲ ဖြစ်ပါတယ်။ သူက ခေါင်းကိုလှည့်လိုက်ပြီး အဝေးတစ်နေရာကို ကြည့်လိုက်တယ်လေ။ အဲ့ဒီမှာ နဂိုက အေးဆေးနေတဲ့ တောအုပ်လေးထဲမှာ… မြောက်မြားလှတဲ့ အနက်ရောင် လေနီကြမ်းတွေဟာ ရုတ်တရက်ပဲ ပေါ်လာခဲ့ပြီး… ဒီကျယ်ပြန့်လှတဲ့ တောအုပ်ကြီးကို ပျက်စီးစေခဲ့ပါတယ်။

တစ်စုံတစ်ယောက်က သူထုတ်လွှတ်လိုက်တဲ့ လေနီကြမ်းတွေကို အဲ့ဒီကို ပို့လိုက်တာပါ။

ကောင်းလုံက သူ့ရဲ့ခေါင်းကို ပြန်လှည့်ကြည့်လိုက်တော့… လက်မောင်းအိုးကျယ်ကျယ် အဖြူရောင် ဝတ်စုံနဲ့ တာအိုအဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ တာအိုဆရာငယ်လေး တစ်ယောက်ဟာ ရှောင်ပုတန်လေးရဲ့ဘေးမှာ ရောက်နေခဲ့ပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Donde viven las historias. Descúbrelo ahora