အပိုင်း ၅၂ : တစ်မျိုးဝယ်လျှင် သုံးမျိုးရသော မဟာလက်ဆောင်
ဇူရီလေးက လေးနက်စွာနဲ့ပဲ မေးလိုက်ပါပြီ… "အင်း… ဒါဆိုရင် ကျွန်တော်က မေးပါရစေ… အရှင့်ရဲ့ နှလုံးသားထဲမှာ ကမ္ဘာပေါ်မှာ နှလုံးရည်က အရေးအကြီးဆုံးလား… ဒါမှမဟုတ် လက်ရုံးရည်က အရေးအကြီးဆုံးလား?"
"အင်း… စွမ်းပကား မရှိပဲနဲ့ မင်းရဲ့ ဆင်ခြင်တုံတရားတွေကို အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဟ။ စွမ်းအားလဲ ကင်းမဲ့နေပြီး ဆင်ခြင်နိုင်စွမ်းလဲ မရှိဘူးဆိုရင်တော့ မိုက်မိုက်ကန်းကန်းနဲ့ သောင်းကြမ်းသူပဲ ဖြစ်လာလိမ့်မယ်…" လင်းဖုန်းက ဖွဖွလေးပဲ ပြုံးလိုက်တယ်လေ… "ကမ္ဘာပေါ်မှာ ဘာက အကြီးမားဆုံးလဲ? လက်ရုံးရည်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်က နှလုံးရည် ပြည့်ဝစွာနဲ့ စကားပြောနိုင်တယ်… ငါ့အတွက်တော့ ဒါက အကြီးမားဆုံးပဲကွ!"
ဇူရီလေးရဲ့ မျက်လုံးအစုံဟာ အံအားသင့်ဖွယ်ရာ စိတ်ဓာတ်တွေနဲ့ ပေါက်ကွဲထွက်ကာ လာခဲ့ပါပြီ။
"အား… မှန်လိုက်လေ! တကယ်လို့များ ကျွန်တော့်မှာက အရှင့်လို စွမ်းပကားမျိုး ရှိခဲ့ရင်… ကျွန်တော့်ရဲ့ ဖခင်အရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မားမားမတ်မတ် ရပ်တည်ရဲခဲ့မှာပဲ။ ကမ္ဘာပေါ်မှာ ဘာက အကြီးမားဆုံးလဲ… နှလုံးရည်က အကြီးမားဆုံးပဲ။ အဖေနဲ့ သားကလဲ နှလုံးရည်နဲ့ ငြင်းခုံလို့ရတယ်… ဧကရာဇ်တွေနဲ့ မှူးမတ်တွေ တောင်မှပဲ နှလုံးရည်နဲ့ အကျိုးအကြောင်းသင့်သင့် ဆွေးနွေးလို့ရတယ်!"
"တကယ်လို့မှာ အိမ်ရှေ့မင်းသားဟာ အမှားအယွင်း ကြီးကြီးမားမား ရှိခဲ့မယ်ဆိုရင်… မှုးမတ်တွေဟာ ပြင်းထန်လေးနက်စွာနဲ့ပဲ ကန့်ကွက်တားမြစ်အပ်တယ်… တကယ်လို့များ သူဟာ စကားကို နားမထောင်ပဲ အမှားတွေကိုသာ ဆက်တိုက်ကျူးလွန်နေခဲ့လို့ရှိရင် သူ့ကို ထီးနန်းစွန့်လွတ်စေသင့်တယ်! ဒါပေမယ့်လဲ ကျွန်တော့်ဖခင်ရဲ့ လက်အောက်ခံ သဘောတရားတွေက စာသင်သားတွေရဲ့ အစစ်အမှန် မူလသဘာဝတွေကနေ လွဲချော်သွေဖည်နေတယ်။ ဒါပေမယ့်လဲ ဒီလိုမျိုး သဘောတရားတွေကို… ကျွန်တော့်ရဲ့ မဖြစ်စလောက် ခွန်အားလေးနဲ့ ဘယ်လိုလုပ်ပြီးတော့ သူ့ကို ငြင်းခုံဆွေးနွေးပြီး စောဒက တက်နိုင်မှာလဲ?"
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...