အပိုင်း ၆၉ : ဆရာက အိမ်မှာမရှိဘူး : ကျောင်းတော်ရဲ့ လျှို့ဝှက်နည်းစနစ်များ
သူတို့ဟာ နောက်ကနေ အလိုက်ခံနေရတာကို သိလိုက်ရ အပြီးမှာ… အနည်းငယ်ကြာအောင် ငြိမ်သက်သွားပြီးမှ… ရှောင်ယန်က တုံးတိတိပဲ ပြောလိုက်ပါတယ်… "ကဲ… အရှေ့မှာ နေရာတစ်ခု ရှာပြီးမှ သူတို့ကို ရင်ဆိုင်မယ်ဟေ့…"
အခုအချိန်မှာက သူဟာ အနက်ရောင် မဟာဓားကြီး တစ်ချောင်းကို ထမ်းထားရပြီးတော့… သူ့ရဲ့ လှုပ်ရှားမှု အမြန်နှုန်းကလည်း တွားသွားနေရတဲ့ လိပ်ကလေး တစ်ကောင်လိုမျိုး နှေးနေခဲ့တာလေ။ တကယ်လို့များ သူတို့ဟာ ချောင်းမြောင်းပြီးတော့ နောက်ယောင်ခံလိုက်လာတဲ့ သူတွေကိုသာ သူတို့ရဲ့ နေရာကို ပေးအသိခံလိုက်ရင်… သူတို့ရဲ့နောက်က အဓိက အင်အားစုတွေဟာ လျှင်မြန်စွာနဲ့ပဲ ရောက်ရှိပြီးမှ လာကြမှာပါ။
ရှောင်ပုတန်လေးနဲ့ ဇူရီတို့ကလည်း အချင်းချင်း ကြည့်လိုက်ကြပြီးမှ ခေါင်းတွေကို ညိတ်လိုက်ကြပါတယ်။ သူတို့ကလည်း ဆုံးဖြတ်ချက် ပြတ်သားကြတဲ့ သူတွေပဲဆိုတော့… လာခြင်းမကောင်းတဲ့ လူတွေကို သူတို့ရဲ့ အနောက်ကို ဒီလိုမျိုးပဲ နောက်ယောင်ခံပြီးတော့ လိုက်ခွင့်မပြု နိုင်ခဲ့ပါဘူး။
နည်းဗျူဟာကျကျ တိုင်ပင်စဉ်းစားပြီးလို့ အပြီးမှာ… ဂိုဏ်းတူညီအစ်ကို သုံးယောက်သားဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မလုပ်ကြတော့ပဲနဲ့ သူတို့ရဲ့ အမြန်နှုန်းကိုလည်း တမင်တကာပဲ မြင့်တင်ခြင်းမျိုးကိုလည်း မလုပ်ခဲ့ကြပါဘူး။ ဒါပေမယ်လည်း သူတို့ဟာ သူတို့ရဲ့ မူလလမ်းကြောင်းက နေပြီးတော့ တဖြေးဖြေးနဲ့ လမ်းကြောင်းပြောင်းခဲ့ကြပြီး… အမူအရာ မပြောင်းလဲကြပဲနဲ့ လမ်းရဲ့ဘေးက တောအုပ်ကလေးရဲ့ အတွင်းကို လမ်းကြောင်းပြောင်းခဲ့ ကြပါပြီ။
ဒီအချိန်မှာတော့… ယုကလန်က ကျင့်ကြံသူ နှစ်ယောက်တို့ကလည်း သူတို့ကိုယ်သူတို့ ဖော်ပြလိုက်ကြကာ… တောအုပ်ကလေးရဲ့ အထဲကို အလောတကြီးနဲ့ပဲ လိုက်ဝင်သွားကြတယ်လေ။
အနက်ရောင် မဟာဓားကြီးကို သယ်နေခဲ့တဲ့ ရှောင်ယန်ရဲ့ ခန္ဓာကိုယ်ကလည်း အရမ်းကိုပဲ လေးလံနေခဲ့တာဆိုတော့… မြေကြီးအပေါ်မှာ လှမ်းလျှောက်သွားတိုင်းမှာ… ခြေရာတွေ ထင်ထင်ရှားရှားကြီးကို ချန်ထားရစ်ခဲ့တာပါ။ ဒီလိုဆိုတော့ ယုကလန်က ကျင့်ကြံသူ နှစ်ယောက်တို့ကလည်း သူတို့ကို ခြေရာပျောက်သွားမှာကို စိတ်ပူနေစရာ မလိုခဲ့ပါဘူး။
STAI LEGGENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Avventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...