အပိုင်း ၄၇ : မင်းသေမှာကို စောင့်ကြည့်နေမယ်ကွ!

708 85 0
                                    

အပိုင်း ၄၇ : မင်းသေမှာကို စောင့်ကြည့်နေမယ်ကွ!

ဒီဝါးဦးထုပ်နဲ့ လူရွယ်ရဲ့ ခန္ဓာကိုယ်ကနေ အလွန်ကိုမှပဲ အန္တရာယ်ကြီးတဲ့ အော်ရာတွေဟာ ထုတ်လွှင့်လို့ နေခဲ့ပါတယ်… လင်းဖုန်းရဲ့ အသည်းထဲ.. အူထဲက နေပြီးတော့ အသံနက်ကြီး တစ်သံဟာ မရပ်မနားပဲ အော်ဟစ်လို့ နေခဲ့ပါပြီ။

"ပြေး!ပြေး!ပြေး!"

ဒါက လုံးဝကို သဘာဝတရားကြီးက ပေးထားတဲ့ ပင်ကိုယ်အသိစိတ်ပါ… သူ့ကို သေစေနိုင်တဲ့ အရာတစ်ခုနဲ့ ကြုံတွေ့လာတဲ့ အခါမှာ ပင်ကိုယ် အသိစိတ်ကပေးတဲ့ သတိပေးချက်ပါပဲ။

လင်းဖုန်းက သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဒီနေရာမှာပဲ ရပ်နေပြီး… ချက်ချင်းနောက်လှည့်ကာ မပြေးမိအောင် သူ့ကိုယ်သူ မနည်းကြီး အဆက်မပြတ် အတင်းအကြပ်ပဲ ထိန်းချုပ်ထားရတယ်လေ။

ဒီဝါးဦးထုပ်နဲ့ လူရွယ်ရဲ့ ဖုံးကွယ်မထားတဲ့ မှော်စွမ်းအင် လှုပ်ရှားမှုတွေအရ… သူဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်မှန်း လင်းဖုန်းက သိလိုက်ရပါပြီ။

ဒါ့အပြင် ဒီရွှေရောင် ဗဟိုချက်အဆင့် ကျင့်ကြံသူဟာ… သူအရင်က တွေ့ခဲ့ရတဲ့ မီးလျှံဓားဂိုဏ်းက အကြီးအကဲလီထက်တောင် ပိုပြီးတော့မှပဲ စွမ်းအားကြီးမားပါသေးတယ်။

လင်းဖုန်းကတော့ ကူရာမဲ့စွာနဲ့ပဲ ရင်ထဲကနေ ရယ်နေပါတော့တယ်… "အင်း… ငါက ငါ့ရဲ့ တပည့်လေးတွေရဲ့ အရှေ့မှာ ဆရာကြီးပုံစံ ဖမ်းပြီးတော့မှ နေခဲ့တာက… ငါ့ရဲ့ဆီမှာ တခြားရွေးချယ်စရာ မရှိတော့လို့ပဲ။ နောက်ဆုံးမှာတော့ ငါက ချီသာဝက အဆင့်က ယင်ကောင်သေးသေးလေးပဲဟ။ ဒီလိုမျိုး ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူမျိုးကို နောက်ထပ်ထပ်ပြီးတော့ မလွှတ်ပါနဲ့တော့ဗျာ… ကျွန်တော်က တကယ်ကိုပဲ မတတ်နိုင်တော့လို့ပါ!"

စူတောင်ဓားဂိုဏ်းက ဂိုဏ်းတပည့်တွေရဲ့ ဓားပျံတွေဟာ မတူညီကြပါဘူး… ဒါပေမယ့် သူတို့ရဲ့ ဓားအိမ်တွေ အပေါ်မှာ ထွင်းထုထားတဲ့ ရှုခင်းပုံ ဒီဇိုင်းကတော့ အကုန်လုံး အတူတူပါပဲ။ ဒါကတော့ မီးလျှံဓားဂိုဏ်းရဲ့ မီးတောက်ဝတ်စုံလိုပဲလေ… တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ သက်သေခံ အမှတ်သင်္ကေတ တစ်မျိုးပဲ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Donde viven las historias. Descúbrelo ahora