အပိုင်း ၉၈ : သေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်ခြင်း… ကမ္ဘာကြီးကို ကပြောင်းကပြန် ဖြစ်စေခြင်း
တောင်ရဲ့ အပြင်ဘက်မှာ… ရှန်းဝူ အင်မော်တယ် သတ်ဖြတ်ခြင်း ဝင်္ကပါကို ထိန်းချုပ်နေခဲ့တဲ့ စဉ်းလဲဟာ တည်ငြိမ်နေတဲ့ မျက်နှာမျိုးနဲ့ပါ။ ဒါပေမဲ့လည်း မင်းက ဘယ်လိုပဲကြည့်ကြည့်… သူ့ရဲ့ တည်ငြိမ်နေတဲ့ အမူအရာမှာ ညှာတာခြင်း ကင်းမဲ့ပြီး… သွေးဆာနေတဲ့ အရိပ်အယောင်တွေကို တွေ့နိုင်တယ်လေ။
အဝေးကနေပြီး… ဧရာမ အနက်ရောင် ဓားကြီးဟာ အောက်ကို တည့်တည့်ကြီး ခုတ်ချလိုက်ကာ… တောင်ထိပ်ဖျားကို ထိသွားခဲ့ပါပြီ။
ပြင်းထန်လှတဲ့ လူသတ်လိုစိတ်တွေနဲ့ သေမင်းစွမ်းအင်တွေဟာ လေထုထဲမှာ ပြည့်နှက်ပြီးမှ သွားကြပါပြီ။ တောင်ကြီးရဲ့ ပတ်ပတ်လည် တစ်ခုလုံးဟာ… အနက်ရောင် လေထုအစုအဝေးရဲ့ ရစ်ပတ်လွှမ်းခြုံခြင်းကို ခံလိုက်ရသလိုပါပဲ။ သာမာန်သတ္တဝါတွေဟာ ဒီအနက်ရောင် လေထုနဲ့ တွေ့လိုက်ရတာနဲ့ တပြိုင်နက် အသက်တွေကို နှုတ်ယူခြင်း ခဲ့လိုက်ရကာ… သေသွားကြမှာပါ။
ဒီလောက်အထိ ပြင်းထန်လှတဲ့ သေမင်းစွမ်းအင်ကို တွေ့လိုက်ရတော့… စဉ်းလဲရဲ့ အနောက်မှ ရှိနေကြတဲ့ ရှန်းဝူစစ်တပ်က ကျင့်ကြံသူတွေ တောင်မှပဲ ကြောက်ရွံနေတဲ့ မျက်နှာမျိုးတွေ ဖြစ်ကုန်ကြပါပြီ။
ရုတ်တရက်ပဲ တောင်ကြီးရဲ့ ဝမ်းဗိုက်အတွင်းက အလင်းစက် သေးသေးလေး တစ်ခုဟာ… ပျံထွက်လာခဲ့ပြီး… တောင်ထိပ်ရဲ့ အပေါ်က လေထုထဲကို ရောက်လာခဲ့ပါတယ်။
စဉ်းလဲကလည်း သူ့ရဲ့မျက်လုံးတွေကို အာရုံစိုက်ပြီးမှ ကြည့်လိုက်ပါပြီ… သူတုံ့ပြန်တာကို စောင့်မနေခဲ့ပဲ… ဒီအလင်းစက်လေးဟာ လျှင်မြန်စွာနဲ့ပဲ ကြီးထွားလာခဲ့တယ်လေ။ မရေမတွက်နိုင်တဲ့ အလင်းတန်းပေါင်း များစွာတို့ဟာ… ထူးခြားဆန်းပြားပြီး အံ့ဩဖွယ်ရာ ပုံစံမျိုးအဖြစ် လေထဲမှာ လိမ်ယှက်သွားကြပြီး… လေထုထဲမှာ ထူးဆန်းတဲ့ ဒီဇိုင်းတစ်ခုအဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ်။
ဒါကတော့ နက်နဲသိမ်မွေ့တဲ့ ဝင်္ကပါတစ်ခုပဲ ဖြစ်တယ်လေ။ သူ့ရဲ့ အရွယ်အစားဟာ ယုံနိုင်ဖွယ်မရှိအောင် ကြီးမားလာခဲ့ပြီး… ဒီတောင်ကြီးရဲ့ ဧရိယာကို ကျော်သွားရုံတင် မကပဲ… တောင်ရဲ့ ပတ်ပတ်လည်က သဲကန္တာရကြီးကိုတောင် ဝန်းရံထားခဲ့ပါတယ်။ သူ့ရဲ့အစွန်းဟာ ဘေးပတ်ဝန်းကျင်က ကျယ်ပြန့်လှတဲ့ စိမ့်မြေအထိတောင် ပျံ့နှံ့ပြီးမှ သွားခဲ့ပါပြီ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...