အပိုင်း ၉၆ : ဝင်္ကပါအကြီးစား နှစ်ခုတို့ရဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း

623 76 0
                                    

အပိုင်း ၉၆ : ဝင်္ကပါအကြီးစား နှစ်ခုတို့ရဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း

တောင်ရဲ့အတွင်းပိုင်း နက်ရှိုင်းတဲ့ နေရာမှာ ရှိနေခဲ့ပေမယ့်… လင်းဖုန်းနဲ့ အပေါင်းပါများကတော့ ဒီတောင်ရဲ့ အပြင်ဘက်က ကြောက်မက်ဖွယ် ကောင်းလှတဲ့ စွမ်းအား သဘောတရားတွေကို ကောင်းကောင်းကြီး အာရုံခံမိနေခဲ့ပါတယ်။

အခုအချိန်မှာက ခန်းနန်ဟွာဟာ အပြည့်အဝ နေကောင်းသွားခဲ့ပြီဆိုတော့… သူက ထလာခဲ့ပြီး ဒီရွှေရောင်သဲမှုန် တောင်ပူစာရဲ့ အပေါ်မှာ မတ်တတ်ရပ်ခဲ့လိုက်ကာ… အလွန်လေးနက်တဲ့ အမူအရာနဲ့ သူ့ကိုယ်သူပဲ တိုးတိုးကလေး ရေရွတ်လို့ နေခဲ့တယ်လေ… "အင်း… ဒီတိုက်ပွဲရဲ့ အဖြေကို အဆုံးအဖြတ်ပေးမယ့် အချက်ကတော့… ဘယ်သူက အရင်လက်လျှော့မလဲ ဆိုတာပါပဲ…"

သူ့ရဲ့ လက်နှစ်ဘက်ကနေပြီး မှော်ကျိန်စာ သင်္ကေတတွေဟာ လျှင်မြန်စွာနဲ့ ပြောင်းလဲနေခဲ့ပြီး… သူ့ရဲ့အောက်က ရွှေရောင်သဲပုံကြီးကလည်း ဖြေးဖြေးချင်းပဲ စတင်ပြီးမှ တုန်ခါလာခဲ့ပါပြီ။ မရေမတွက်နိုင်တဲ့ ရွှေရောင်သဲမှုန်တွေဟာ လေထုရဲ့ အပေါ်ကို ပျံတက်လာကြကာ… လင်းဖုန်းတို့ရဲ့ အနားကနေ ဖြတ်ပြီးမှ ဒီတွင်းကြီးရဲ့ အပြင်ဘက်မှာ လွင့်မျောလို့ နေခဲ့ကြပါတယ်။

အဆုံးမဲ့တဲ့ ရွှေရောင်သဲမှုန်တွေဟာ တောင်ရဲ့အပြင်ဘက်ကို ပျံသန်းထွက်ခွာခဲ့ကြပြီး… တောင်ခြေမှာရှိတဲ့ သဲကန္တာရရဲ့ အပေါ်ကို ကျရောက်သွားခဲ့ကာ… ကန္တာရရဲ့ မီးခိုးရောင် သဲမှုန်တွေနဲ့ ရောသွားခဲ့ပြီး ရွှေရောင်အလင်းတန်းတွေနဲ့ အစက်ချခဲ့လိုက်ပါပြီ။

ဒီမြင်ကွင်းကို တွေ့လိုက်ရတဲ့ လင်းဖုန်းကလည်း ရင်ထဲကနေပြီး သဘောပေါက်သွားခဲ့တယ်လေ… "အင်း… ဒီရွှေရောင်သဲမှုန်တွေဟာ ခန်းနန်ဟွာက သူ့ရဲ့ မှော်စွမ်းအင်တွေနဲ့ သန့်စင်ထားတဲ့ သဲမှုန်တွေပဲ။ သူတို့ဟာ စွမ်းအားကြီးမားပေမယ့် အရေအတွက်အားဖြင့်တော့ နည်းလွန်းလှတာမို့… သူကဒါတွေကို အသုံးချပြီးမှ အပြင်က သာမာန်သဲတွေကို ဦးဆောင်စေခဲ့တာပဲ…"

"ဒါကဘာနဲ့ တူသလည်းဆိုတော့… အရာရှိတချို့ကို လေ့ကျင့်ပေးပြီးမှ သူတို့ကို အခြေခံ တပ်ဖွဲ့အထဲကို ထည့်သွင်းပြီး တပ်သားအသစ်တွေကို ဦးဆောင်ခိုင်းလိုက်သလိုပါ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now