အပိုင်း ၄၄ : ရေနစ်နေသူကို ဝါးလုံးနဲ့ ကူထိုးခြင်း

800 95 0
                                    

အပိုင်း ၄၄ : ရေနစ်နေသူကို ဝါးလုံးနဲ့ ကူထိုးခြင်း

ဝေဒနာ ကြီးမားစွာနဲ့ ဒီစွန်းထင်းနေတဲ့ သွေးတွေကို ညှစ်ထုတ်နေတဲ့ ဟွေကုကို ကြည့်လိုက်ပြီး... လင်းဖုန်းရဲ့ မျက်နှာပေါ်မှာ စူးရှတောက်ပလှတဲ့ အပြုံးလေး တစ်ခုဟာ ပေါ်ပေါက်လို့ လာခဲ့ပါတယ်။

ရေနစ်နေတဲ့လူကို ဝါးလုံးနဲ့ ကူထိုးပေးရတာဟာ လူတွေရဲ့ စိတ်နှလုံးကို ပျော်ရွှင်စေခဲ့တယ်လေ။

သူ့ရဲ့ တပည့်လေးကလဲ သူနဲ့အတူ စိတ်တူကိုယ်ပါ ဖြစ်နေခဲ့ပါပြီ။ ရှောင်ယန်ကလဲ ဒီမြင်ကွင်းကို ကြည့်လိုက်ပြီး... သူ့ရဲ့ လက်ဆစ်တွေကို တစ်ဖြောက်ဖြောက်နဲ့ ချိုးနေခဲ့ပြီလေ... "ဟွန့်... ဒီကတုံးနာကြီး... နည်းတောင် နည်းသေးတယ်ဟ..."

လင်းဖုန်းကလဲ ပြောလိုက်ပါပြီ... "ကဲ... ယန်ကလေးရေ... မင်းရဲ့ မိုးကြိုးလျှပ်စီးတောင်ဝှေးကို ဆရာသခင်ကို ပေးဦးဟ..."

ရှောင်ယန်ကလဲ ဒီမိုးကြိုးလျှပ်စီး တောင်ဝှေးကို ထုတ်လိုက်ပြီး လင်းဖုန်းရဲ့ စကားအတိုင်း ပေးလိုက်ပါပြီ။ လင်းဖုန်းကလဲ ဒီမိုးကြိုးလျှပ်စီး တောင်ဝှေးကို လက်တစ်ဘက်နဲ့ ဆုပ်ကိုင်ထားပြီး... တခြား လက်တစ်ဘက်ကနေ ခိစတိဂါဘ သျှတ္တရကို မှတ်တမ်းတင်ထားတဲ့ ရွှေရောင်စာရွက်လေးကို တိတ်တဆိတ်ပဲ ထုတ်ယူလိုက်တယ်လေ... ဒီအိုင်တမ်လေး နှစ်ခုကနေ တစ်ခါတစ်ရံ ထွက်ပေါ်လာခဲ့တဲ့ မှော်စွမ်းအင် လှုပ်ရှားမှုတွေကို တိတ်တိတ်လေးပဲ ခံစားနေလို့ပါ။

သူက ဒီမိုးကြိုးလျှပ်စီး တောင်ဝှေးကို မသန့်စင်ရသေးခင်မှာပဲ... ဒီရွှေရောင်စာရွက်ကလေးမှာ မူမမှန်တာ တစ်ခုခုကို ခံစားမိနေခဲ့ပြီးသားပါ... ဒါပေမယ့် သူက သိပ်ပြီးတော့ အရေးမထားခဲ့ဘူးလေ။ အခုမှ အနီးကပ် စစ်ဆေးကြည့်ရှုလိုက်တော့မှ... လင်းဖုန်းဟာ ဒီအိုင်တမ်နှစ်ခုက တစ်ခုနဲ့တစ်ခု ပဲ့တင်သံလိုမျိုး အပြန်အလှန် ဆက်သွယ်မှုတွေ ရှိနေကြတယ် ဆိုတာကို ကောက်ချက်ချနိုင်ခဲ့ပါတယ်။

လင်းဖုန်းဟာ အဲ့ဒီအကြောင်းကို တခဏတာမျှ စဉ်းစားလိုက်တယ်... သူ့ရဲ့ ရင်ထဲမှာတော့ အကြံတစ်ခုက ရှိပြီးသားပါ။ သူ့ရဲ့ တပည့်နှစ်ယောက်ကို ခေါ်လိုက်ပါပြီ... မိုးကြိုးလျှပ်စီးတောင်ဝှေးကို ရှောင်ယန်ထံကို ပေးလိုက်ပြီး... ရွှေရောင်စာရွက်လေးကိုတော့ ရှောင်ပုတန်လေးဆီကို လက်ဆင့်ကမ်းလိုက်ပြီလေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Wo Geschichten leben. Entdecke jetzt